ညောင်ဦးခရိုင် ပြည်ခိုင်ဖြိုးပါတီ ယမ်းဆမ်းကျေးရွာနှင့် စည်သာကျေးရွာတွင် ရေနွေးကြမ်း စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ် ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ

 

ညောင်ဦး ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်နှင့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူ များသည် ယမ်းဆမ်းကျေးရွာနှင့် စည်သာကျေးရွာ နှစ်ရွာသို့ ယမန်နေ့ နံနက် ၉ နာရီက ရေနွေးကြမ်း စကားဝိုင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားပြု လုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ညောင်ဦးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီခရိုင်ဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ ခရိုင် စီမံဘဏ္ဍာ ဒေါ်မြသန္တာဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဌေး၊ ယမ်းဇမ်းကျေးရွာနှင့် စည်သာကျေးရွာ နယ်မြေတာဝန်ခံ မြို့နယ်ကော်မတီဝင် ဒေါ်အေးမြတ်သူနှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီအရန် ကော်မတီဝင်များနှင့် အဖွဲ့တို့သည် ယမ်းဆမ်းကျေးရွာ စည်းရုံးရေးဥက္ကဋ္ဌ ဦးသန်းဌေးအိမ်တွင် ရှေးဦးစွာ ရေနွေးကြမ်း စကားဝိုင်း ဖွဲ့ဆင်၍ ဆွေးနွေးခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းနောက် ရေနွေးကြမ်း စကားဝိုင်း ဖွဲ့ဆင်ဆွေးနွေးပေးခဲ့ပြီး ဆက်လက်၍ ဆိုင်းဘုတ်တင်စိုက်ထူရန် ခရိုင်ဥက္ကဋ္ဌ ဦးညွန့်ဝင်းက လည်းကောင်း၊ မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဌေးက လည်းကောင်း အမွှေးနံ့သာရည် ပက်ဖျန်းပြီး ၂ဝ၂ဝ ပြည်ခိုင်ဖြိုး ပါတီအောင်ရမည် ဟုသုံးကြိမ် သံပြိုင်ရွတ်ဆို၍ ဆိုင်းဘုတ်စိုက်ထူ ပေးခဲ့ကြကြောင်း သိရသည်။

အစီအစဉ်အရ ညောင်ဦးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများနှင့် အဖွဲ့တို့သည် စည်သာကျေးရွာသို့ ရေနွေးကြမ်း စကားဝိုင်းဖွဲ့ခြင်းနှင့် ဆိုင်းဘုတ်တင်စိုက်ထူရန် နံနက် ၁၁ နာရီတွင် သွားရောက် ခဲ့ကြောင်း သိရသည်။

ကျော်ဌေး(ညောင်ဦး)