တက္ကသိုလ်ဝင်တန်း ဖြေဆိုကြသည့်ကျောင်းသားကျောင်းသူများအား ပြည်ခိုင်ဖြိုးပါတီ သောက်ရေသန့်များလှူဒါန်း

 

07 March 2019

၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆို ကြသည့် ကျောင်းသားကျောင်းသူများလိုအပ်နေသည့် သောက်ရေအတွက် သောက်ရေသန့်များကို ပျော်ဘွယ် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ဦးစိန်ဝင်း ဦးဆောင်သည့်အဖွဲ့က ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပျော်ဘွယ်မြို့နယ် တောင်ညောင်ကုန်း ကျေးရွာသို့ သွားရောက်လှူဒါန်းခဲ့သည်။

၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပျော်ဘွယ်မြို့နယ်၌ စာစစ်ဌာန ၁ဝခုရှိရာ တောင်ညောင်ကုန်းစာစစ်ဌာန၌ ကျောင်းသားကျောင်းသူ ၄၄၈ ဦး ဖြေဆိုလျက်ရှိရာ ပျော်ဘွယ်မြို့နယ်၏ အနောက်အစွန်ဆုံးဒေသဖြစ် သည့် ခြောက်စည်ဒိုင်ဒေသမှ ကျေးရွာအုပ်စုခြောက် အုပ်စု၊ ကျေးရွာပေါင်း ၁၉ ရွာမှ ကျောင်းသားကျောင်း သူ ၁၅ဝ သည် ဆရာမဒေါ်အမာမြိုင် ဦးဆောင်၍ တောင်ညောင်ကုန်းကျေးရွာတွင် တည်းခိုဖြေဆိုလျက် ရှိသည်။ အဆိုပါ ကျောင်းသားကျောင်းသူ ၁၅ဝမှာ သောက်ရေအခက်အခဲနှင့် ကြုံတွေ့နေသဖြင့်ပျော်ဘွယ် မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ရေသန့်ဘူးကြီး ၁ဝဝကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဦးမျိုး(ပျော်ဘွယ်)