ရေကြည်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ မြို့နယ်ပါတီကော်မတီဝင်များနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရေကြည် မတ် ၇

ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင်ရေကြည်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးလျက် မြို့နယ်ပါတီကော်မ တီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံက် ၉ နာရီခွဲက ပြည် ခိုင်ဖြိုးရုံးတွင်ပြုလုပ်ကြောင်း သိရ သည်။

အစည်အဝေးတွင် ရေကြည် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကြည်သန်း က မြို့နယ်ပါတီကော်မတီဝင်များ အား ကိုယ့်ကြောင့် မိမိပါတီ မထိ ခိုက်ရန်နှင့် ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေများသိထားရန်လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် တက်ရောက်လာ သော မြို့နယ်ပါတီကော်မတီဝင် များက မိမိမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် သင်တန်းမှ မြို့နယ်တွင် ပြန်လည်ပို့ချနိုင်သူ မဲရုံကိုယ်စား လှယ် ကိုးဦးသင်တန်းပို့ရမည်ဖြစ် ကြောင်း မှာကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြည်ခိုင် ဖြိုးပါတီ အတွင်းရေးမှူး ဦးစိုးမြင့် ကအုပ်စုအလိုက် နယ်မြေတာဝန်ခံ များနှင့်အတူ ဒေသခံမိဘပြည်သူ များနှင့်တွေ့ဆုံရန်မှာကြားပြီးနောက် မြို့နယ်ပါတီကော်မတီဝင်များက ပြန်လည်ဆွေးနွေးပြီးအစည်းအဝေး အောင်မြင်စွာပြီးစီးကြောင်းသိရသည်။

ဆန်းတင့်(ရေကြည်)