ကော့မှူးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ပါတီအသုံးစရိတ်ငွေလှူဒါန်း အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

 

ကော့မှူး မတ် ၅

ရန်ကုန်တိုင်းဒေသကြီး ကော့ မှူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီအလုပ်ရုံ ဆွေးနွေးပွဲနှင့်ပါတီဥက္ကဋ္ဌဦးရွှေဘော် (ခ)ဦးဝင်းထွန်းနိုင်က ပါတီအသုံး စရိတ်ငွေကျပ် ၁ဝဝဝဝဝလှူဒါန်း ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပါတီရုံးခန်းမတွင်ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားတွင် မြို့နယ် ပါတီဥက္ကဋ္ဌဦးရွှေဘော်ကပါတီရေး ရာအလိုက် နယ်မြေတာဝန်ခွဲဝေ ခြင်း၊ ပုံမှန်အစည်းအဝေးပြုလုပ် ကာ ပြန်လည်တင်ပြခြင်း၊ နယ် မြေတာဝန်ခံများကွင်းဆင်းဆောင် ရွက်မှုအခြေအနေ အပတ်စဉ်တင်ပြ သုံးသပ်ဆာင်ရွက်မှုများစသည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းလျက် တက်ရောက်လာ သော မြို့နယ်ကော်မတီဝင်များက မိမိတာဝန်ယူဆောင်ရွက်လျက်ရှိ သည့် ရေးရာအလိုက် ပြန်လည် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲကို မွန်းလွဲ ၁နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)