ပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး ဂန့်ဂေါမြို့ပြည်ခိုင်ဖြိုးပါတီ ရုံး၌ ကျင်းပပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင် ရာသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်

 

ဂန့်ဂေါ၊ ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာသိကောင်းစရာ ရှင်း
လင်းဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး၊ ဗဟိုကော်မတီဝင်Dr ပွင့်စန်း၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ Dr မောင်မောင်ဌေး၊ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ကျေးရွာပေါင်း ၁၁၂ ရွာမှ ရပ်ကျေးပါတီဥက္ကဋ္ဌများ စုစုပေါင်းအင်အား၂၀၀ ဦးခန့် တက်ရောက်ဆွေးနွေး
ခဲ့ကြပါသည်။