စဥ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စာရေးတံမဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တက်ရောက်လှူဒါန်းပူဇော်

 

စဥ့်ကိုင် ဖေဖော်ဝါရီ ၂၇

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမိသားစုမှ ညောင်ပင်ကြီးကျေးရွာတွင် ယမန်နေ့ နံနက် ၈နာရီက ကျင်းပသည့် ဆုတောင်းပြည့် မြတ်စွာဘုရားပွဲ စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပင့်သံဃာအပါး၆ဝနှင့် သီလရှင်အပါး ၂ဝ တို့အားကျေးရွာပြည်သူများနှင့်အတူစုပေါင်း၍ ဆန်၊အချိုရည်နှင့် ခေါက်ဆွဲခြောက်များလှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းပွဲသို့ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သိင်္ဂီ အောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးကြည်ပြုံးနှင့်ကော်မတီဝင်များ၊ ရပ်ကျေး အဖွဲ့များနှင့်ပါတီဝင်မိသားစုများတက်ရောက်လှူဒါန်းခဲ့ကာလှူဒါန်းမှု အစုစုအတွက် ရေစက်ချအမျှပေးဝေခဲ့ကြောင်း သိရသည်။