မန်ယူ ချန်ပီယံလိဂ်ဖလားရ အနှစ် ၂၀ ပြည့် အထိမ်းအမှတ်ပွဲ ဖာဂူဆန် နည်းပြတာဝန်ယူမည်

မန်ချက်စတာ ယူနိုက်တက်အသင်း ၁၉၉၉ တုန်းက ချန်ပီယံလိဂ် ဖလားရတဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ကစားမယ့်ပွဲစဉ်မှာ နည်းပြဟောင်း ဆာအဲလက်ဖာဂူဆန်ဟာ မန်ယူအသင်းကို နည်းပြအဖြစ် တာဝန်ယူသွားမှာပါ။

မန်ယူအသင်းဟာ ၁၉၉၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်ကို နောက်ကနေ လိုက်ကစားခဲ့ရပြီးမှ ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရ ချန်ပီယံဖြစ်ခဲ့ပါတယ်။

အနိုင်ဂိုးတွေကို ပွဲပြီးကာနီး ၃ မိနစ်မှာ တိုက်စစ်မှူး ရှယ်ရင်ဂမ်နဲ့ ဆိုးရှားတို့က သွင်းယူပေးခဲ့ပါတယ်။

အဲဒီပွဲစဉ် နှစ် ၂၀ ပြည့်အဖြစ် မန်ယူနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ တကျော့ပြန်အဖြစ် လာမယ့် မေလ ၂၆ ရက်နေ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ဖို့ သတ်မှတ်ထားပါတယ်။

မန်ယူရဲ့ ကြယ်စင်စုအသင်းကို အသက် ၇၇ နှစ်အရွယ် နည်းပြဟောင်း ဖာဂူဆန်က ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

—Ref: Skysports