မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ သဲနီကျေးရွာ ပညာရေးစုံညီပွဲတော်သို့ တက်ရောက်ချီးမြှင့်

 

မိုးမိတ် ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် သဲနီ ကျေးရွာ အမက(၁၄)တွင် ကျင်းပ သော ၂ဝ၁၈-၂ဝ၁၉ ပညာရေး စုံညီပွဲတော် အခမ်းအနားကို ကျောင်းသားကျောင်းသူလေးများ က မြန်မာ့ကျောင်းသီချင်းဖြင့်သီဆို ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ လက်ထောက် ပညာရေးမှူး ဦးသော်တာဆွေ က ပညာရည်ချွန်ဆု ပေးရသည့် အကြောင်း ရှင်းလင်းပြီး အုပ်ချုပ် ရေးမှူး လှမောင်၊ ရှမ်းစာပေယဉ် ကျေးမှုဥက္ကဋ္ဌ ဦးစိုင်းစံ၊ မိဘဆရာ အသင်းဥက္ကဋ္ဌဦးချစ်ဖေတို့ကအသီး သီးအမှာစကားပြောကြားကာကျောင်း အုပ်ဆရာမကြီး ဒေါ်ဝေဝေမာက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ပညာရည်ချွန်ဆုချီး မြှင့်ခြင်း၊ ကျောင်းသားကျောင်းသူ များက အကပဒေသာဖြင့် ဖျော်ဖြေ ကြသည်။ ဆုပေးပွဲသို့ မိုးမိတ်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ ကော်မတီ ဝင် ဦးမောင်မောင်ကြီး(စည်းရုံး)၊ ဦးကျော်စိန်(ပညာ)၊အရန်ကော်မတီ ဝင်ဦးဖေမောင်၊ (တိုင်းရင်းသားရေး ရာ)၊ဦးဝင်းဖေ (ရပ်ကျေး)ဥက္ကဋ္ဌတို့ တက်ရောက်၍ ဆုငွေများ ချီးမြှင့် ခဲ့ကြောင်း သိရသည်။