ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ရေးရာ နှင့် အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

(၁၅ -၁၀-၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀) နာရီမှ (၁၁း၃၀) နာရီအချိန်အထိ ကယားပြည်နယ် ဘောလခဲ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး တွင် လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာအဖွဲခေါင်း ဆောင်များနှင့်အတူ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ပါသည်။
ပထမဦးစွာ ဘောလခဲခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးအေးမောင်က လမ်းညွှန်အမှာစကား ပြောကြားပါ သည်။
ဆက်လက်ပြီး ဘောလခဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးစိုးရယ်က လုပ်ငန်းစဉ်များ ချပြဆွေးနွေး ပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ တာဝန်များ ပေးအပ်ကာ လိုအပ်သည်များကို ဆွေးနွေး ပါသည်။
ယင်းနောက်တက်ရောက်လာကြသော မြို့နယ်ကော် မတီဝင်များ လူငယ်ငယ်ရေးရာနှင့် အမျိုးသမီး ရေးရာ အဖွဲ့ခေါင်းဆောင် အသီးသီးတို့က ပါတီအမျိုးသမီးရေးရာညီလာခံ ကျင်းပနိုင်ရေးနှင့် လူငယ်များကိုယ်စီ တာဝန်ထမ်း ဆောင်နိုင်ရေး အ တွက် ရှေ့ဆက်လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းများ အား အသေးစိတ် ဆွေးနွေးကြပါသည်။
ယင်းအစည်းအဝေးသို့ ဘောလခဲမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဘောလခဲခရိုင် ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ဦးအေးမောင် ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ (ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်)ဦးစိုးရယ် အတွင်းရေးမှူး ဦးဟန်ထူးနှင့် ခရိုင်နှင့် မြို့နယ် ကော်မတီဝင်များ ရပ်ကျေးပါတီ အမျိုးသမီး ရေးရာနှင့် လူငယ်ရေးရာခေါင်းဆောင်များ စုစုပေါင်း အင်အား (၅၀) ဦး တက်ရောက်ကြောင်း သတင်းရရှိ သည်။

ထာဝရ မြေချစ်သူ