မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးရှေ့၌ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
(၁၆.၁၀.၂၀၁၈) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးရှေ့၌ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းပါတီကော်မတီဝင်များ၊ တိုင်းပါတီအတိုင်ပင်ခံများ၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်နှင့် ခရိုင်ကော်မတီဝင်များ၊ မန္တလေးခရိုင်အတွင်းရှိမြို့နယ်များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ ပါတီအမာခံများ တက်ရောက်ခဲ့ကြပါသည်။