ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး စစ်ကိုင်းတိုင်း​ဒေသကြီး ကလေးမြို့ရှိ မဟာသာကပဋိမာ ​ရေဆန်​ကျွန်းမြတ်​ ဗုဒ္ဓရုပ်​ပွား​တော်​မြတ်​အား ဖူးမျှော်ကြည်ညို

 

ကလေး၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိနေသော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီအချိန်တွင် ကလေးခရိုင်​၊ ကလေးမြို့ရှိ မဟာသာကပဋိမာ ​ရေဆန်​ကျွန်းမြတ်​ ဗုဒ္ဓရုပ်​ပွား​တော်​မြတ်​အား ဖူး​မျှော်​ကြည်​ညိုပြီး အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့သည်။

ထိုသို့ သွားရောက်ဖူးမျှော်ကြည်ညိုရာသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​ဇနီး​ဒေါ်စိုးဝတ်​ရည်​၊ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်းနှင့်​ဇနီးဒေါ်မြင့်​မြင့်​စိုး၊ ဗဟိုအလုပ်​အမှု​ဆောင်​ ဦးဝဏ္ဏ​မောင်​လွင်​နှင့်​ဇနီး​ဒေါ်လင်းလင်းတင်​၊ ဗဟိုအလုပ်​အမှု​ဆောင်​ဦးမြင့်​စိုးနှင့်​ဇနီး​ဒေါ်ခင်​မြဦး၊ စစ်​ကိုင်းတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ​ ဒေါက်​တာမြင့်​သိန်း၊ ဗဟို​ကော်​မတီဝင်​​ဒေါက်​နန္ဒာလှမြင့်​နှင့် အဖွဲ့ဝင်များ သွားရောက်ကြည်ညို ပူဇော်ခဲ့ကြသည်။