ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

 

ပန်းတနော် စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပမည့်ဗဟိုအမျိုး သမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁နာရီခွဲ အထိ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲ၌ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်းနှင့်တက်ရောက်လာသူများမှနေ၍ အောက်တိုဘာ ၉ ရက်တွင်ကျင်းပမည့် ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှော ဖလှယ်ပွဲအတွက် ဆောင်ရွက်ထားမှုအခြေအနေများကိုဆွေးနွေးတင်ပြ ခြင်း၊ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခြင်း၊ တာဝန်များ ခွဲဝေခြင်း၊ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းများဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲသို့ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကျော် မင်းသန်း၊ အတွင်းရေးမှူးဦးစောနိုင်ဦး၊ ဘဏ္ဍာရေးမှူး ဦးအောင်မျိုး မြတ်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

မောင်ခိုင်ဖြိုး(ပန်းတနော်)