ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာသွားနှင့်ခံတွင်းရောဂါ အခမဲ့ ကွင်းဆင်းကုသရေး အဖွဲ့ သွားနှင့်ခံတွင်းရောဂါဝေဒနာရှင်များအား ကွင်းဆင်းကုသမှုဆောင်ရွက်ပေး

 ရန်ကုန်၊ စက်တင်ဘာ ၂ဝ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဖြိုးစေတနာသွားနှင့်ခံတွင်းရောဂါ အခမဲ့ ကွင်းဆင်းကုသရေးအဖွဲ့သည် စက်တင်ဘာ (၂၀) ရက်နေ့နံနက် ၉ နာရီခွဲက (၃၈) ရပ်ကွက် ဆရာဖေလမ်းရှိ သန္တိသုခဓမ္မာရုံတွင် သွားနှင့် ခံတွင်းရောဂါဝေဒနာရှင်များအား အခမဲ့ ကွင်းဆင်းကုသမှု ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ ကုသရေးအဖွဲ့သည် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဦးဆောင်စီစဉ်မှုဖြင့် ရန်ကုန်တိုင်း လူငယ်လှုပ်ရှားမှုတာဝန်ခံ မြို့နယ်ပါတီကော်မတီဝင် ဒေါက်တာဇော်လင်းပြုံးက ကုသမှုဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ပါတီအတွင်းရေးမှူး ဦးသန်းစိုး၊ ပါတီကော်မတီဝင် ဦးမင်းဇော်ဦး၊ဦးမြင့်ဦးနှင့် ရပ်ကွက်ပါတီကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ခိုင်နှင့်ပါတီကော်မတီဝင်များ၊ ပါတီဝင်များက မွန်းလွဲ ၁ နာရီအထိ ပူးပေါင်းကူညီဆောင်ရွက် ခဲ့ကြသည်။
သွားနှင့်ခံတွင်းရောဂါ အခမဲ့ ကွင်းဆင်းကုသဆောင်ရွက်မှုကို မြို့နယ်အတွင်း ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်ရှိ သွားနှင့်ခံတွင်းရောဂါဝေဒနာရှင်ပေါင်း ၅၁၄ ဦးအား ကုသမှုဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် အပတ်စဉ် တနင်္လာ၊ သောကြာနေ့တိုင်း နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ အထိ ကုသမှုဆောင်ရွက်ပေးနေပြီး ကျန်ရှိသောရပ်ကွက်များသို့လည်း တစ်လလျှင်နှစ်ကြိမ် အလှည့်ကျကုသမှု ဆောင်ရွက်ပေးနေကြောင်း သိရ သည်။

တင်ဆန်းအောင်