၁၉၈၁ နောက်ပိုင်း အကြီးဆုံး စစ်ရေးလေ့ကျင့်ပွဲ ရုရှား စတင်

ရုရှားနိုင်ငံမှာ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားပြီးနောက်ပိုင်း အကြီးမားဆုံးသော စစ်ရေးလေ့ကျင့်ပွဲ၊ Vostok 2018 ကို အင်္ဂါနေ့က စတင်ပြုလုပ်ပါတယ်။ စစ်သည်အင်အား ၃သိန်းကျော်၊ လေယာဉ်ပျံ အစင်း ၁ဝဝဝ ကျော်၊ ရုရှားရေတပ်ဖွဲ့ကြီး ၂ ခု၊ တင့်ကား ၃၆ဝဝဝ ခန့် ပါဝင်ပါတယ်။ ဒါ့အပြင် ဒီစစ်ရေးလေ့ကျင့်ပွဲမှာ တရုတ်နဲ့ မွန်ဂိုးလီးယား တပ်ဖွဲ့တွေလည်း ပါဝင်ပါလိမ့်မယ်။ ရုရှားနဲ့ တရုတ်နိုင်ငံတွေအနေနဲ့ အရင်ကလည်း ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပေမယ့် အခုလောက် ကြီးမားတဲ့ လေ့ကျင့်ပွဲမျိုး မရှိခဲ့ပါဘူး။

ဒီအတောအတွင်း ရုရှားနိုင်ငံ Vladivostok ဗလာဒီဗော့စတော့မြို့က စီးပွားရေးရာ နှီးနောဖလှယ်ပွဲ တက်ရောက်လာတဲ့ တရုတ်သမ္မတ ရှီကျင်းပင် ကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က တွေ့ဆုံပြီး ရှရှားရိုးရာ ကမ္ဘာကျော် caviar ကာဗီယာငါးဥတွေ၊ vodka ဗော့ဒကာ အရက်တွေနဲ့ အထူးဧည့်ခံခဲ့ပါတယ်။

ဓါတ်ပုံတွေထဲမှာ သမ္မတ နှစ်ဦး မီးဖိုထဲမှာ အတူတကွ ကျော်လှော်ချက်ပြုတ်ကြပုံတွေမြင်ရပါတယ်။ သူတို့ နှစ်ယောက် အလွန်ရင်းနှီးပြီး အကြိမ် ၃ဝ နီးပါးတွေ့ဆုံခဲ့ပြီးပါပြီ။ သမ္မတပူတင်က သူ့မွေးနေ့ပွဲကို တက်ရောက်ဖို့ သူဖိတ်ကြားဖူးတဲ့ ကမ္ဘာ့ခေါင်းဆောင်ရယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်တယောက်ပဲ ရှိတယ်လို့ ပြောကြားဖူးပါတယ်။   

-Ref; RFA