သဲမုန်တိုင်းနဲ့ မိုးကြိုးပစ်မှုတွေကြောင့် အိန္ဒိယမှာ ၁၁၆ ဦးသေဆုံး၊ ၂၅ဝ ကျော် ထိခိုက်ဒဏ်ရာရ

အိန္ဒိယနိုင်ငံတဝှမ်း သဲမုန်တိုင်းနဲ့ မိုးကြိုးပစ်မှုတွေကြောင့် အခုထိ အနည်းဆုံး လူ ၁၁၆ ဦးသေဆုံးခဲ့ပြီး၊ ၂၅ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မုန်တိုင်းကြောင့် အတ္တာ ပရာဒက်ခ်ျ၊ ရာဂျက်စသန်၊ ပန်ဂျပ် ပြည်နယ်တွေမှာ အဆောက်အဦးတွေ၊ သစ်ပင်တွေ၊ ဓါတ်မီးတိုင်တွေ လဲကျခဲ့လို့ သေဆုံးသူအရေအတွက် အခုထက် ပိုမိုများပြားလာဖွယ် ရှိတယ်လို့လည်း ခန့်မှန်းကြပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ တပ်ချမဟာ ဂူဗိမ္မာန်ရှိရာ အဂ္ဂရာမှာ မုန်တိုင်းဟာ တစ်နာရီ မိုင် ၈ဝ နှုန်းနဲ့ တိုက်ခတ်ခဲ့တာကြောင့် ၄၃ ဦး သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ဂူဗိမ္မာန်ထိ ခိုက်ပျက်စီးမှု မရှိဘူးလို့ သိရပါတယ်။

အတ္တာ ပရာဒက်ခ်ျပြည်နယ် မြောက်ပိုင်းမှာလည်း အနည်းဆုံး ၆၄ ယောက် သေဆုံးပြီး၊ ၆၇ ယောက် ဒဏ်ရာ ရခဲ့သလို၊ ရာဂျက်စသန်ပြည်နယ်မှာလည်း ၂၇ ဦး သေဆုံးပြီး၊ ဒဏ်ရာရသူ တစ်ရာဝန်းကျင်ရှိကြောင်း သေဆုံးသူ အများစုဟာ အိမ်ပြိုတာတွေနဲ့ မိုးကြိုးပစ်ခံရတာတွေကြောင့် ဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။

မိုးလေဝသပညာရှင်တွေကတော့ ရာသီဥတု ပိုဆိုးလာဖွယ်ရှိတယ်လို့ သတိပေးနေကြပါတယ်။

-Ref; RFA