ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

 

လွိုင်ကော် – စက်တင်ဘာ ၁၀

ယနေ့ ၁၀-၉-၂၀၁၈ ရက်နေ့ နံနက် (၁၀း၀၀) နာရီ မှ နေ့လည် (၁း၃၀) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်နယ် ခရိုင် မြို့နယ် ပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ပါသည်။
ပထမဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါ တီ (ဗဟိုအလုပ်အမှုဆောင်) ပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ နေပြည်တော်ဗဟို ဌာနချုပ် (၄-၉-၂၀၁၈)ရက်နေ့မှ (၅-၉-၂၀၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ဗဟိုCEC အစည်းအဝေး အတွေ့အကြုံ ရှင်းလင်းဆွေးနွေးပါသည်။
ဆက်လက်ပြီး ပြည်နယ်ပါတီယာယီအတွင်းရေး မှူး ဦးကျော်မြင့်မှ လုပ်ငန်းအစီအစဉ်များ ဆွေးနွေးသွား ပါသည်။
ယင်းနောက် ပြည်နယ်ကော်မတီဝင် (အမျိုးသမီး ရေးရာတာာဝန်ခံ) ဒေါ်ဒေါရစ်လေးမှ အမျိုးသမီး ညီလာခံကျင်းပနိုင်ရေးအတွက် ရှေ့ဆက်လုပ် ဆောင် ရမည့်လုပ်ငန်းစဉ်များအား အသေးစိတ်ဆွေးနွေးပါ သည်။
ဆက်လက်ပြီး ခရိုင်နှင့် မြို့နယ်ပါတီ ဥက္ကဌများ အမျိုးသမီးရေးရာတာဝန်ခံများမှ အသီးသီးတင်ပြ ဆွေးနွေးကြပါသည်။
ပြီးနောက် ခရိုင် မြို့နယ် (၇)မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ အသီးသီးက ဆွေးနွေးတင်ပြသွားပါသည်။
၎င်းဆွေးနွေးချက်များအား ပြည်နယ်ကော်မတီဝင် အသီးသီးက ပြန်လည်ရှင်းလင်းဆွေးနွေးသွား ပါသည်။
ယင်းနောက် ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှု ဆောင်) ပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း မှ နိဂုံးချုပ်အမှာစကား ပြောကြားသွားပါသည်။
ယနေ့ကျင်းပပြုပ်လုပ်သော ပြည်နယ် ခရိုင် မြို့နယ် ပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင်) ပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ပြည်နယ်ပါတီယာယီ အတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး ဦးမော်ရယ် ဦးဌေးရယ် ဦးရဲဝင်း ဒေါ်ဒေါရစ်လေး (အမျိုးသမီးရေးရာတာဝန်ခံ)နှင့် ဒေါ်မော်မော်ခိုင် ဒေါ်ဗျားမြာမောင် ဒေါ်နန်းယဉ်သီတာထွေး ပြည်ခိုင်ဖြိုးပါတီ ခရိုင်မြို့နယ် ဥက္ကဌများ အတွင်း ရေးမှူးများနှင့် အမျိုးသမီးရေးရာတာဝန်ခံများ စုစုပေါင်း အင်အား(၃၇)ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ