မြင်းခြံပြည်ခိုင်ဖြိုးပါတီမှ ဘာသာရေး ပညာရေးအားပေးကူညီ

 

မြင်းခြံ သြဂုတ် ၂၆

ဆုံရွာကွေ့ကြီးကျေးရွာတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော အမျိုးချစ် ဘာသာချစ်ဓမ္မ ကူးလ် ကျောင်းသူကျောင်းသားများအား မြင်းခြံပြည်ခိုင်ဖြိုးပါတီမှ ရေခဲမုန့်နှင့်ကိတ်မုန့် အာဟာရဒါနကုသိုလ်ပြုလှူဒါန်းခဲ့ပြီး ကွေ့ကြီးကျေးရွာ ဆရာတော်အား သွားရောက်ဖူးမြော် ၍ ဝတ္ထုငွေများလှူဒါန်းခဲ့ပြီးနောက် ဖက်ပင်အိုင်ကျေးရွာမှ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သော လေးဘာသာဂုဏ်ထူးရှင် အမြွှာညီအစ်မ သုံးဦးတို့အား ဂုဏ်ပြု ဆုငွေချီးမြှင့်ပြီး အားပေးစကားပြောကြားခဲ့ကြသည်ဟု သိရသည်။

မျိုးကို(မြင်းခြံ)