ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ရှားတောမြို့နယ်ပါတီတို့ ဒေါလဲဒူရွာ ပါတီဝင်များ နှင့်တွေ့ဆုံခြင်း

 

ရှားတော – သြဂုတ် ၁၃

ယနေ့ (၁၃-၈-၂၀၁၈) ရက်နေ့ ညနေ (၃း၀၀) နာရီမှ (၄း၀၀) နာရီအချိန်အထိ ကယားပြည်နယ် ရှားတော မြို့နယ် ဒေါလဲဒူကျေးရွာ ကမ္ဘာအေးဘုန်းတော်ကြီး ကျောင်းတွင်ပါတီဝင်များနှင့်တွေ့ဆုံပါသည်။
ပထမဦးစွာ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှု ဆောင်) ပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ဦးဆောင်သောအဖွဲ့သည် ကမ္ဘာအေးကျောင်းထိုင် ဆရာတော်ထံ ဦးဥက္ကဌ မှ ငါးပါးသီလခံယူပြီး နဝကမ္မ အလှူ ငွေဖြင့် ဆရာတော်အားပူဇော် ကန်တော့ပါသည်။
ဆက်လက်ပြီး ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှု ဆောင်) ပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း က ကယားဘာသာစကားဖြင့် လမ်းညွှန်အမှာ စကားပြောကြားသွားပါသည်။
ယင်းနောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်အလုပ်အမှုဆောင် ရှားတောမြို့နယ်တာ ဝန်ခံ ဦးဌေးရယ်မှ လက်ရှိနိုင်ငံရေးဖြစ်စဉ်များ နိုင်ငံရေး စီးပွါးရေး လူမှုရေးအခြေအနေများအား ကယားဘာသာဖြင့် ရှင်းလင်းဆွေးနွေးသွားပါသည်။
ယင်းနောက် ရှားတောမြို့နယ် ပါတီဥက္ကဌ ဦးပေါလူ နှင့် တက်ရောက်လာကြသော ပါတီဝင်များမှ ကျေးရွာလိုအပ်ချက်များအပြန်အလှန် အသီးသီး ဆွေးနွေးတင်ပြကြပါသည်။
၎င်းတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ် အမှုဆောင်)ပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ယာယီအတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ်ကော်မတီဝင်များဖြစ်ကြသော ရှားတောမြို့နယ် တာဝန်ခံများ ဖြစ်ကြသည့် ဦးဌေးရယ်နှင့် ဦးရဲဝင်း ပြည်နယ်ကော်မတီဝင် ဦးတင်ဦးနှင့် ဒေါ်ဗျားမြာမောင် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးလောရင်း ဖါးဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးခင်မောင်ညို ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဟန်ထူး ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပေါလူ အတွင်းရေးမှူး ဒေါ်အန်ဂျလေးနာမလေးနှင့်မြို့နယ်ကော်မတီဝင်များ စုစုပေါင်းအင်အား (၅၀) ဦးကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ