နိုင်ငံအရေးအေးချမ်းအောင်လုပ်နိုင်တဲ့လူကိုအားကိုးကြပါ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်း မြို့နယ် သူဌေးကုန်းရပ်ကွက် ယာကြီးပြင်ရပ် ရန်အောင်မြင် ဓမ္မာရုံ၌ ပါတီဝင်အဆိုပြုလွှာစု ပေါင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။ အဆိုပါ အဆိုပြုလွှာပေးအပ်ပွဲမှ သူဋ္ဌေးကုန်းရပ်ကွက် ယာကြီးပြင်ရပ်နေ မမာမာဝေ၊ တွင်းကုန်းရပ်ကွက် အရှေ့ပိုင်းနေ ကိုမင်းမင်းထိုက်နှင့် ယာကြီးပြင်အရှေ့ဘက်ရပ်ကွက်နေ ဦးခင်မောင်ရွှေတို့၏ ပါတီသို့ဝင်ရောက်ခြင်းနှင့်ပတ် သက်၍ မေးမြန်းဖြေကြားထားသည်များကို ဖော်ပြအပ်ပါသည်။

မေး – အစ်မကြီးအကြောင်းလေး ပြော ပေးပါဦး။

ဖြေ – ကျွန်မအမည်ကတော့ ဒေါ်မာမာဝေလို့ခေါ်ပါတယ်။ မကွေး တိုင်းဒေသကြီး ရေနံချောင်းမြို့နယ် သူဌေးကုန်းရပ်ကွက် ယာကြီးပြင်ရပ်မှာ နေပါတယ်။ ပြည်ခိုင်ဖြိုးပါတီကို အခု ဝင်လာတဲ့ ပါတီဝင်အသစ်ဖြစ်ပါတယ်။
မေး – ပြည်ခိုင်ဖြိုးပါတီကို ဝင်ဖြစ်ရ သည့်အကြောင်းပြောပါဦး။
ဖြေ – ယခင် ဦးသိန်းစိန်လက်ထက်က အတိုင်း ပြည်ခိုင်ဖြိုးပါတီကို သဘောကျခဲ့တာဖြစ်တယ်။ တံတားတွေ၊ ကျောင်းတွေ၊ လမ်းတွေဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးခဲ့တာတွေ့ရတယ်။ ရပ် ကွက်မှာလည်းဖွံ့ဖြိုးအောင် လုပ်ပေးသလို ကျွန်မတို့ယာကြီးပြင်ရပ်ကွက်မှာ ရေစက် တွေ၊ကျောင်းတွေ၊ အစစအရာရာအားလုံး ဖွံ့ဖြိုးအောင်လုပ်ပေးခဲ့လို့ သဘောကျ ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

မေး – အရင်တုန်းက ဘယ်ပါတီကိုဝင် ခဲ့ဖူးသလဲ။

ဖြေ – ဘယ်ပါတီမှမဝင်ခဲ့ဖူးပါဘူး။

မေး – ပြည်ခိုင်ဖြိုးပါတီကိုဝင်ဖို့တိုက် တွန်းတာ၊ အတင်းအဓမ္မဝင်ခိုင်း တာ၊ လက်ဆောင်ပေးပြီး ဝင်ခိုင်းတာရှိ လား။

ဖြေ – မရှိခဲ့ပါဘူးတော့။ ကျွန်မဆန္ဒ အလျောက်ဝင်ခဲ့ခြင်းဖြစ်တယ်။
မေး – ဒီနေ့လုပ်တဲ့ပွဲမှာ အခြား ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ – ဒီလိုပွဲတွေကို မကြာမကြာ လုပ် ပေးစေချင်ပါတယ်။ ရပ်ကွက် တွေလိုအပ်တဲ့နေရာတွေကို ပြည်ခိုင်ဖြိုး အနေနဲ့ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် ပေးဖို့ပဲကျွန်မပြောချင်ပါတယ်။ ယုံကြည် မှုရှိပါတယ်။ ပြည်ခိုင်ဖြိုးက အရင်လည်း တံတားတွေ၊ လမ်းတွေဆောက်ပေးလုပ် ပေးခဲ့လို့နှစ်သက်ပြီးဝင်ခဲ့တာပါ။

မေး – အစ်ကိုအကြောင်းလေး ပြော ပါဦး။

ဖြေ – ကျွန်တော်က ကိုမင်းမင်းထိုက် လို့ခေါ်ပါတယ်။ မကွေးတိုင်း ဒေသကြီးရေနံချောင်းမြို့ တွင်းကုန်း ရပ်ကွက်အရှေ့ပိုင်းမှာ နေပါတယ်။ ပြည်ခိုင်ဖြိုးပါတီကို အခုမှဝင်ရောက်လာ တဲ့ ပါတီဝင်အသစ်တစ်ဦးဖြစ်ပါတယ်။
မေး – ဘယ်လိုအကြောင်းတွေကြောင့် ပါတီဝင်ဖြစ်ခဲ့တာလဲ။

ဖြေ – ပြည်ခိုင်ဖြိုးပါတီကိုဝင်ဖြစ်ခဲ့တဲ့ အကြောင်းရင်းကအရင် ၂ဝ၁၅ ရွေးကောက်ပွဲတုန်းကအခြေအနေနဲ့ နှိုင်း ယှဉ်ကြည့်တာပေါ့။အဲဒီတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ယခုဖြစ်တဲ့ကိစ္စတအားကြီးကွာ နေပါတယ်။အရင်တုန်းက ကျွန်တော်တို့ အမျိုးဘာသာသာသနာစောင့်ရှောက်တယ်။ ယခုလက်ရှိဖြစ်နေတာက တစ်တိုင်းပြည် လုံးသိတယ်။ အမျိုးဘာသာသာသနာ ဘယ်ရှိမှန်းကိုမသိဘူး။ ယခုလက်တွေ့ပဲ ရိုဟင်ဂျာကိစ္စ အဲဒီမှာဆို ပိုကိုဆိုးသွားပြီ။ အဲဒီတော့ ကျွန်တော်တို့လူမျိုးတွေက ကိုယ်အိမ်ရှင်ဖြစ်ပြီးတော့ အစစအရာရာ နောက်ကျနေရတယ်။ အစစအရာရာ လည်းသူတို့ကိုဘယ်လိုခေါ်မလဲ။ကြောက် နေရမလား ပုံစံဖြစ်နေတယ်။ မီဒီယာကိစ္စ ဆိုရင်လည်းကျွန်တော်တို့ဆီမှာ မီဒီယာ အများကြီးရှိနေတာပဲ လုပ်လို့ရနေတယ်။ ဒါကိုသူတို့ကကမ္ဘာနဲ့ချီချီပြီးတော့ ကိုင် တော့ ပြည်သူပြည်သားတွေမှာ တော် တော်လေးဒုက္ခရောက်တယ်။ စီးပွားရေး အရပြောမယ်ဆိုလည်း စီးပွားရေးမှာ လည်း အရင်တုန်းကကျွန်တော်တို့ စား ဝတ်နေရေး အဆင်ပြေခဲ့တယ်ခင်ဗျာ။ ဆန်ဈေးကြီးတယ်။ ဆီဈေးကြီးတယ်။

အစစအရာရာ အကုန်ဈေးကြီးတယ်။ ဈေးမကြီးတာ ဘာတစ်ခုမှမရှိတော့ဘူး။ ပြောမယ်ဆိုရင်အများကြီးပဲ။ပြည်သူ တွေအများကြီးသိတဲ့ကိစ္စလည်း ဖြစ်နေ တယ်။ ကျွန်တော်က အဲဒါကြောင့်နှိုင်း ယှဉ်ပြီးတော့ပြောတယ်။ ၂ဝ၁၅ရွေး ကောက်ပွဲအောင်နိုင်တာက အောင်နိုင်တာ ပဲ။ သို့ပေမယ့်လို့ ပြည်သူတွေအကျိုးကျွန် တော့်မျက်စိနဲ့မြင်ရသလောက် ပစ္စုပ္ပန် ကာလအထိမြင်ရသလောက် ဘာတစ်ခု လုပ်ပေးတာမမြင်သေးဘူး။ ဦး သိန်းစိန် လက်ထက်ကလည်း ယုံကြည်ခဲ့တယ်။ ကျွန်တော်တို့ကပြည်ခိုင်ဖြိုးကို ယုံကြည် မြဲယုံကြည်တယ်။ အားကိုးတယ်။ ပြည် သူ့အကျိုးကိုလုပ်ပေးခဲ့လို့ ပြည်ခိုင်ဖြိုး ပါတီဝင်ရောက်တာ ဖြစ်တယ်။

မေး – အရင်တုန်းက ဘယ်ပါတီဝင်ခဲ့ ပါသလဲ။

ဖြေ – ဘယ်ပါတီမှ မဝင်ခဲ့ဖူးပါဘူး။

မေး – ပြည်ခိုင်ဖြိုးပါတီကို တိုက်တွန်း တာ၊ အတင်းအဓမ္မဝင်ခိုင်းတာ၊ လက်ဆောင်ပေးပြီးဝင်ခိုင်းတာရှိသလား။

ဖြေ – မရှိခဲ့ပါဘူး။ ကျွန်တော့်ဆန္ဒနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဝင်ခဲ့ တာပါ။
မေး – ဒီနေ့ကျင်းပတဲ့ပွဲနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက် အကြံပေးပြော ချင်ပါသေးလဲခင်ဗျာ။

ဖြေ – ပြည်သူတွေနဲ့ပေါ့ပါတီဝင်ပဲ ဖြစ် ဖြစ်ဘယ်သူပဲဖြစ်ဖြစ် ပြည်သူ တွေရဲ့ အသံကိုကြားမှ ပြည်သူ့ရဲ့ဆန္ဒကို လုပ် ပေးခွင့်ရှိမှာ။ အဲဒီတော့ ဒီလိုမျိုး အစည်း အဝေးလေးတွေ၊ Meeting လေးတွေ လုပ်ပေးနိုင်မယ်ဆိုရင်တော့ တစ်ပတ် တစ်ခါမဟုတ်တောင် တစ်လတစ်ခါ လောက်အဲဒီလိုမျိုးလာလာပြီးပြည်သူတွေ ရဲ့ အသံကိုနားထောင်ပြီးတော့ အများကြီး လုပ်ပေးရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ဘယ်ဟာကအရေးကြီးလဲ၊ ကြီးတဲ့ဟာကို ဦးစားပေးလုပ်ပေးဖို့ ပြည်သူတွေတကယ် လိုအပ်တာလေးကိုတော့ လုပ်ပေးစေချင် တယ်။ ကျွန်တော်တို့အခုလုပ်နေတဲ့နေရာ တွင်မဟုတ်ဘူး။ တစ်တိုင်းတစ်ပြည်လုံး မှာ အဲဒီလိုပွဲမျိုးတွေ လုပ်နေမယ်ဆိုရင် အများကြီးအလားအလာကောင်းပါတယ်။

မေး – အမည်နဲ့နေရပ်လိပ်စာလေး ပြော ပေးပါဦး ခင်ဗျာ။
ဖြေ – ရေနံချောင်းမြို့နယ် ယာကြီးပြင် အရှေ့ပိုင်းရပ်ကွက်က ဦးခင် မောင်ရွှေပါ။

မေး – ပြည်ခိုင်ဖြိုးပါတီကို အခုမှဝင် တာလား။

ဖြေ – အခုမှဝင်တာပါ။ ဦးခင်မောင် ဆွေ(NDF)တို့ သဘောတရား လေးကိုကြိုက်နှစ်သက်လို့ ပထမတုန်းက (NDF)ဦးခင်မောင်ဆွေတို့နဲ့မိတ်ဆွေဖြစ် ခဲ့ဖူးပါတယ်။ အခုအပိုင်းကဏ္ဍမှာတော့ ကျွန်တော်တို့ငါးနှစ်ဖြတ်သန်းခဲ့တဲ့အပိုင်း မှာဦးသိန်းစိန်ရဲ့လုပ်ဆောင်မှုတွေနဲ့(NLD) သုံးနှစ်တာအတောအတွင်းမှာ လုပ်ဆောင် မှုတွေနှိုင်းယှဉ်ပြီးတော့သိလာရတဲ့အတွက် ကျွန်တော်ကအခုပြည်ခိုင်ဖြိုးကိုဝင်တာပါ။

မေး – အရင်တုန်းကဘယ်ပါတီကို ဝင် ဖူးသေးလဲ။

ဖြေ – အရင်တုန်းက(NLD)ပါတီက ရွေး ကောက်ပွဲမဝင်ဘူး။(NDF)က ရွေးကောက်ပွဲဝင်တယ်။ ပါတီတစ်ခုခု လုံးဝမဝင်ဘဲနေလို့တော့ မသင့်ဘူး။တစ်နေ့မှာ အကာအကွယ်လိုလာလို့ရှိရင် ရအောင်လို့ဆိုပြီးတော့(NDF)ဦးခင်မောင် ဆွေတို့ကအဲဒီလိုပြောတာလေးတွေကြိုက် လို့မိုလို့(NDF)စိတ်ကူးမိပါတယ်။ပါတီ မဝင်ဖူးပါဘူး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ တုန်းကကျတော့ ကျွန်တော့်အနေနဲ့ ပင်စင်စားလည်းဖြစ်တယ်။ ဦးသိန်းစိန်ရဲ့ စေတနာကိုလည်းနားလည်တယ်။ကျွန် တော်တို့အပေါ်မှာလည်းသုံးနှစ် အတော အတွင်းမှာကျွန်တော်ရဲ့ခံစားချက်ကလေးက ဘာတုန်းဆိုတော့- ဦးသန်းရွှေလက်ထက် ကပင်စင်စားဆိုလို့ ပြည့်ဝအောင်မခံစားရ ဘူး။ဦးသိန်းစိန်လက်ထက်မှ ပင်စင်တွေ တိုးပေးတယ်။ အခုရှင်းရှင်းပြောတာပါ။ ငွေလေးနဲ့မကြီးပွားမချမ်းသာပေမဲ့သင့်တင့် လျှောက်ပတ်သလိုခံစားရတဲ့အတွက် အဲဒီ ကျေးဇူးတွေ ထောက်ထားပြီးဦးသိန်းစိန် ပြည်ခိုင်ဖြိုးမဲ ပေးခဲ့တယ်။အဲဒီတုန်းကပဲ ပြည်ခိုင်ဖြိုးကိုဝင်ချင်ခဲ့တယ်။(NDF) ကို လျှောက်လွှာတွေနဲ့ ဝင်ခဲ့တာမဟုတ် ဘူး။ နှစ်သက်သဘောကျခဲ့တာပါ။ အတည်ပြုတာတွေမရှိခဲ့ဘူး။အခုကတော့ ကျွန်တော်ကအတိအလင်းဖောင်တွေ ဘာတွေဖြည့်ပြီးတော့ ပြည်ခိုင်ဖြိုးပါတီ ဝင်တာပါ။

မေး – ပြည်ခိုင်ဖြိုးပါတီကို တိုက်တွန်း တာ၊ အတင်းအဓမ္မခိုင်းတာ၊ လက်ဆောင်ပေးပြီးဝင်ခိုင်းတာရှိသလား။

ဖြေ – မရှိခဲ့ပါဘူး။ ကျွန်တော်တို့က မျက်ခြည်မပြတ်တဲ့ သဘော တရားနဲ့ တိုင်းပြည်ရဲ့ အကြောင်းအရာကို စာနယ်ဇင်းတွေကိုဖတ်ပြီးသိလာရတဲ့အခါ ကျွန်တော်တို့ကအားကိုးသင့် အားကိုး ထိုက်တဲ့ နိုင်ငံကို ဦးဆောင်ခွင့်ဦးဆောင် ထိုက်တဲ့အရည်အချင်းရှိနေတဲ့သဘော တရားရှိနေတဲ့ပြည်ခိုင်ဖြိးပါတီကိုဝင်မှာပါ။

မေး – အခြားဘာများဖြည့်စွက် ပြော ချင်ပါသလဲ။

ဖြေ – ကျင်းပတဲ့ပွဲကိုတော့ဖြင့် အားလုံး တက်ရောက်ချင်မှလည်း တက် ရောက်နိုင်မှာပါပဲ။ အားလုံးကို ပြောချင် တာက ကြားနိုင်တယ်ဆိုရင်တော့ဖြင့် ပြီးခဲ့တဲ့ ငါးနှစ် ဖြတ်သန်းခဲ့တဲ့ ဘဝရဲ့ စားဝတ် နေရေး အတွေ့အကြုံတွေ၊ နိုင်ငံ ကိုအေးချမ်းအောင်၊နိုင်နင်းအောင်၊ ဆောင် ရွက်ခဲ့တွေဆောင်ရွက်မှုတွေ ယခု(NLD) တက်ပြီးတော့ (၃)နှစ်အတွင်းမှာ ဖြစ် ပျက်နေတဲ့စားဝတ်နေရေးကြုံတွေ့ရမှုတွေ ကိုကိုယ့်ဘာသာကိုအသိလေးတွေနဲ့သိပြီး တော့ အားကိုးသင့်အားကိုးထိုက်တဲ့သူ နိုင်ငံကို ဦးဆောင်ဦးရွက်ပြုနိုင်တဲ့လူကို အားကိုးရှာကြပါလို့ ကျွန်တော်က တိုက် တွန်းချင်ပါတယ်။ထပ်ပြောချင်တာက ဦးသိန်းစိန်ရဲ့ ဘဝဖြတ်သန်းမှုက စစ်မှု ထမ်း၊ စည်းနဲ့ကမ်းနဲ့၊ အခြေတကျ အောက် ခြေကတက်သွားတဲ့ ပုဂ္ဂိုလ်ကြီး၊ အဲဒီလိုပုဂ္ဂိုလ်ကြီးကနေပြီးတော့ နိုင်ငံ တော်သမ္မတကြီးအဖြစ် ခန့်ခန့်ညားညား ထွက်ပေါ်လာခဲ့တာ၊နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က(တစ်)အချက် ဒီကနေ့လုပ်ကြံ ပြီးတော့ယူထားတဲ့ရာထူး၊(နှစ်)အချက်က တော့ အရည်အချင်းအားဖြင့် ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်ကဘွဲ့ရခဲ့ရခဲ့ အိမ်ရှင်မ တစ်ယောက်အဖြစ်ပဲ တာဝန်ယူခဲ့တာပါ။မြန်မာပြည်ကိုရောက်လာခါကျမှ ဆွဲတင် လိုက်လို့ဒီကနေ့အမြင်မှာ ဖခင်ဗိုလ်ချုပ် အောင်ဆန်းရဲ့သမီးဆိုပြီးတော့အမွေတစ်ခု အနေနဲ့ရတာပါ။အရည်အချင်းအားဖြင့် တော့စီမံခန့်ခွဲမှုအပိုင်းတွေ လုပ်ဆောင် ခဲ့တာလုံးဝမရှိခဲ့ပါဘူး။ သူဟာဟိုဘက် ကချွေးမဘဝကလာခဲ့တာ။ အိမ်တစ်ခုကို တောင်ဦးစီးခဲ့တာမဟုတ်ပါဘူး။ အဲဒါ လေးကိုသိပြီးတော့ တကယ့်ကို အားကိုး သင့်အားကိုးထိုက်သူကိုနိုင်ငံအတွက်ကျွန် တော်တို့ဘဝအရေးမပြောဘူး။ နိုင်ငံအရေး အေးချမ်းအောင်လုပ်နိုင်တဲ့လူကို အားကိုး ကြပါ။ တင်မြှောက်ကြပါလို့ကျွန်တော် ဒီလောက်ပဲပြောချင်ပါတယ်။