ပေါင်​ပြည်​ခိုင်​ဖြိုးပါတီ ကင်းရွာ​ကျေးရွာ ​ရေ​ဘေးသင့်ပြည်​သူများကို သွား​ရောက်​ ကူညီလှူဒါန်း

 

ပေါင်​၊ ဇူလိုင်​ ၃၁

မွန်​ပြည်​နယ်​ ​ပေါင်​မြို့နယ်​ နတ်​​မှော်​​ကျေးရွာအုပ်​စု ကင်းရွာ​ကျေးရွာတွင်​ ဇူလိုင်​လ ၂၉ ရက်​​နေ့ညတွင်​ ဒုံသမိမြစ်​​ရေ ကြီးမြင့်​မှု​ကြောင့်​ အိမ်​​ခြေ ၃၃ အိမ်​ လူဦး​ရေ ၂၁၀ ​ရေကြီးနစ်​မြုပ်​မှု ခံစားခဲ့ရသည့်​အတွက်​ ​ပေါင်​မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ သွား​ရောက်​ ကူညီ လှူဒါန်းခဲ့ကြ​ကြောင်း သိရသည်​။
ယ​နေ့ ​ပေါင်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဆန်​အိတ်​ ၃၃အိတ်​ဟ( ၁၀)တင်း​ကျော်​၊ ဆီ ၃၆ ဗူး၊ အိုင်​အိုဒင်းဆား ၃၆ ထုတ်​၊ ​ရေသန့်​ ၃၀ ကဒ်​၊ ​ခေါက်​ဆွဲ​ခြောက်​ ၅ ဖားနှင့်​ အဝတ်​အထည်​များအား ယ​နေ့ မွန်းလွဲ ၁ နာရီတွင်​ စက်​တတ်​​မော်​​တော်​များဖြင့်​ သွား​ရောက်​လှူဒါန်းခဲ့ကြ​ကြောင်းသိရသည်​။
အဆိုပါ ​ရေကြီးနစ်​မြုပ်​မှုခံစားရသည့်​ ကင်းရွာ​ကျေးရွာဦဦသို့ ပထမအကြိမ်​ အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ခရိုင်​ပါတီ​ကော်​မတီဝင်​ ဦး​ဇော်​ဝင်း၊ ပြည်​နယ်​ပါတီ​ကော်​မတီဝင်​ ​ဒေါ်​မေသူဝင်း၊ မြို့နယ်​ပါတီဥက္ကဋ္ဌ ဦး​ကျော်​လင်းဦး၊ အတွင်း​ရေးမှူး ဦး​အောင်​ဆန်းဦးနှင့်​ မြို့နယ်​​ကော်​မတီဝင်​များ ပါတီဝင်​လူငယ်​များမှ သွား​ရောက်​လှူဒါန်​ခဲ့ကြ​ကြောင်း သိရသည်​။