ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဆဋ္ဌမအကြိမ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာကျင်းပ

 

ဇူလိုင် ၃၁ ရက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဆဋ္ဌမအကြိမ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ယနေ့နံနက် ၉:၃၀ အချိန်တွင်
ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ဆက်လက်၍ ၀ါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများခဲ့ ဆက်ကပ်လှူဒါန်းခဲ့ပြီး အနုမောဒနာတရားနာကြားခြင်း၊ရေစက်သွန်းချအမျှပေးဝေခြင်းနှင့် အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ထို့နောက် ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်မှုဆောင်များနှင့်ဗဟိုကော်မတီဝင်များတက်ရောက်ခဲ့သည်။

ပြည်သူ့ဆက်ဆံရေး