ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ချောင်းဆုံကျေးရွာ ပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်

 

ရွှေဘို ဇူလိုင် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ချောင်းဆုံ ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲကို ရွှေဘိုမြို့နယ် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဇော်ဇော်တက်ရောက်သည်။

အဆိုပါ ပါတီဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်ဇော်က အမွှေးနံ့သာရည်များ ပက်ဖျန်းစိုက် ထူဖွင့်လှစ်ခဲ့သည်။ ၄င်းနောက် ကျေးရွာပါတီဝင်များကို ပါတီယုံ ကြည်ချက် ခံယူချက်ပါတီမူဝါဒသဘောတရားများကို မြို့နယ်ပါတီ ဥက္ကဋ္ဌဦးဇော်ဇော်က ရှင်းလင်းဆွေးနွေးတင်ပြသည်။

ယင်းအခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌဦးဇော်ဇော်၊ မြို့နယ် အတွင်းရေးမှူးဦးသိန်းနိုင်ဝင်း၊ အမျိုးသမီးရေးရာတာဝန်ခံဒေါ်ချောစု၊ နယ်မြေတာဝန်ခံ ဒေါ်နှင်းနှင်းခိုင်၊ မြို့နယ်ကော်မတီဝင်များရပ်/စည်း ပါတီဥက္ကဋ္ဌ ကျေးရွာပါတီဝင်များ အင်အား ၁၂ဝ ခန့် တက်ရောက် ကြောင်း သိရသည်။

မိုးစက်လုလင်