ဒဏ်ရာကြောင့် ပြင်သစ်အိုပင်းပြိုင်ပွဲမှ ဆရီနာဝီလျံနှုတ်ထွက်

ရှာရာဗိုဗာနဲ့ ယှဉ်ပြိုင်ရမယ့် စတုတ္ထပွဲစဉ်မတိုင်မီ ဆရီနာဝီလျံဟာ ဒဏ်ရာကြောင့် ပြင်သစ်အိုးပင်းပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဂရင်းဆလင်းချန်ပီယံဆုကို ၂၃ ကြိမ် ရရှိထားတဲ့ ဆရီနာဝီလျံဟာ ကလေးမွေးပြီးတဲ့နောက် တင်းနစ်ပြန်ကစားနေပြီး အစောပိုင်းပွဲတွေမှာ ပုံစံကောင်းရရှိခဲ့ပါတယ်။

အသက်(၃၆)နှစ်ရွယ်ဆရီနာဝီလျံက “ညာဘက်ရင်အုပ်ကြွက်သား ဒဏ်ရာရနေပါတယ်။ စကင်ဖတ်စစ်ဆေးမှုတွေ လုပ်ရပါဦးမယ်။ ရလဒ်မထွက်ခင်အချိန်အထိ ၀င်ဘယ်ဒန်ပြိုင်ပွဲနဲ့ပက်သက်ပြီး ဘာဖြစ်လာမလဲဆိုတာ မသိသေးပါဘူး” လို့ ပြောခဲ့ပါတယ်။

-Ref; Sky sports