တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန်လ ၂ ရက်တွင် ထုတ်ပြန်ကြေညာမည်

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၂ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

တက္ကသိုလ်ဝင် အောင်စာရင်းများကို သက်ဆိုင်ရာစာစစ် ဌာနများအပြင် အထက(၁) အင်းစိန်၊ အထက(၁) ရန်ကင်း၊ အထ က(၃)ကမာရွတ်၊ အထက(၁) လမ်းမတော်၊ အထက(၂)ဒဂုံ၊ အထက(၁) သင်္ဃန်းကျွန်းတို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အား လုံး၏အောင်စာရင်းများ ထုတ် ပြန်မည်ဖြစ်သည်။ ထို့အပြင် ပညာရေးဝန်ကြီးဌာန မြန်မာနိုင် ငံစာစစ်ဦးစီးဌာန ၀က်ဘ်ဆိုက် (www.myanmarexam.com) ၌ တစ်နိုင်ငံလုံးရှိ အောင်စာရင်းများကို ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးမှ ကျောင်းသား၊ ကျောင်းသူ ၇၁၆,၁၈၈ ဦးဝင်ရောက် ဖြေဆိုပြီး ၂၄၂,၇၃၆ ဦး အောင်မြင်ခဲ့ရာ အောင်ချက် ၃၃ ဒသမ ၈၉ ရာခိုင် နှုန်းရှိခဲ့သည်။ ၂၀၁၈ မတ်လက ကျင်းပ သည့်တက္ကသိုလ်ဝင်စာမေးပွဲတွင် ၀င်ရောက်ဖြေဆိုသည့် ကျောင်း သား၊ ကျောင်းသူ ခုနစ်သိန်းခန့်ရှိ ကြောင်း ပညာရေးဝန်ကြီးဌာန စာရင်းများ၌ ဖော်ပြထားသည်။