သြစတြေးလျက မြန်မာနိုင်ငံနှင့် စစ်ဘက်ဆက်ဆံရေး ဆက်လက်ထားရှိမည်

ဘင်္ဂါလီပြဿနာနှင့် ပတ်သက်၍ ဗြိတိန်နှင့် အမေရိကန်တို့က မြန်မာနိုင်ငံနှင့်စစ်ဘက် ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ ရပ်ဆိုင်းသော်လည်း ဩစတြေးလျက ယင်းသို့တားမြစ်ရန် အစီအစဉ်မရှိ ကြောင်း သိရသည်။ ဩစတြေးလျက ကန်ဒေါ် လာ ၃၀၀,၀၀၀ တန်ဖိုးရှိ၎င်းတို့၏ မြန်မာနှင့် စစ်ဘက်ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းကို ဆက်လက်ဆောင်ရွက်မည်ဟု ဩစတြေးလျ ကာကွယ်ရေး ၀န်ကြီးဌာနက ပြောသည်။

မြန်မာ့တပ်မတော်ကို ပရော်ဖက်ရှင်နယ်ပီသစေရန်နှင့် နိုင်ငံတကာဥပဒေများ လိုက်နာစေရန် ဆောင်ရွက်နေသည်ဟု ဩစတြေးလျကာကွယ်ရေးဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြား သည်။ ယင်းကဲ့သို့ လုပ်ဆောင်ရန် မြန်မာ့တပ်မတော်နှင့် သင့်လျော် သောဆက်ဆံမှုကို ထိန်းသိမ်းရန် အရေးကြီးသည်ဟု ပြောရေးဆို ခွင့်ရှိသူက ပြောသည်။

သို့သော် လူ့အခွင့်အရေး စောင့်ကြည့်ရေး HRW ၏အာရှ တိုက်ဆိုင်ရာ ညွှန်ကြားရေးမှူး ဖီးလ်ရော်ဘက်ဆင်က မြန်မာနိုင်ငံနှင့် ဩစတြေးလျတို့၏ စစ်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်မှုအပေါ် ဝေဖန်ပြောကြားသည်။ ပြီးခဲ့သည့် သီတင်းပတ်က မြန်မာနိုင်ငံအား စစ်ရေးအကူအညီပေးမှုကို ဗြိတိန်နိုင်ငံက ရပ်ဆိုင်းခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ်ထရီ ဆာမေက မြန်မာနိုင်ငံတွင် ဘင်္ဂါလီများ ကြုံ့တွေ့နေရသောအခြေ အနေနှင့်ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း ပြောသည်။

လေဘာတီပါတီလွှတ်တော် အမတ်ပရတ်က မေးမြန်းမှုအရ ကာကွယ်ရေးအရာရှိများ အထက်လွှတ်တော်သို့ ပြောကြားရန်၊ ဩစတြေးလျက မြန်မာနိုင်ငံသို့ စစ်ရေးအကူအညီပေးရန် ကန်ဒေါ်လာ ၃၉၈,၀၀၀ လျာထားကြောင်းပြောသည်။ ဩစတြေးလျက မြန်မာနိုင်ငံသို့ ပေးအပ်မည့် အကူအညီများတွင် လူသားချင်းစာနာ ထောက်ထားရေးအကူအညီပေးမှု၊ သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေး၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေးနှင့် အင်္ဂလိပ် ဘာသာစကား သင်ကြားမှုစသော အကူအညီများပါဝင်သည်။ မြန်မာ့တပ်မတော် အရာရှိ အနည်းငယ်သည် သင်တန်းတက်ရန် ကင်ဘာရာမြို့သို့ သွားရောက် ခဲ့သည်။

ဩစတြေးလျက မြန်မာကို စွမ်းရည်နှင့် ပရော်ဖက်ရှင်နယ် ဆန်မှုတည်ဆောက်ရေးကူညီပေးနေသဖြင့် မြန်မာနှင့် စစ်ဘက်ပူး ပေါင်းဆောင်ရွက်မှုဆက်လက် ထားရှိရေးသည် ဖက်ဒရယ်အစိုးရ ၏မူဝါဒဖြစ်သည်ဟု ကာကွယ် ရေးဝန်ကြီးဌာနအရာရှိစကော့ဒီ ၀ါက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ဩစတြေးလျအစိုးရက အလွန်စိုးရိမ်မိပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်တိုင်ပင်ကာ ယင်းအခြေအနေကို ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက် စောင့်ကြည့်မည်ဟု ၎င်းကပြောသည်။

(ABC/theaustralion)