မီးဘေးသင့် ကျွန်းတောဘုရားကြီးကျောင်းသန့်ရှင်းရေး ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်အားပေး

ကျောက်ကြီး၊ မေ ၂ဝ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးလှဘုန်းနှင့် ကျောက်ကြီး၊ နတ်သံကွင်း၊ မုန်းဒေသရှိ မြို့နယ်အလုပ်အမှုဆောင်များနှင့် ကော်မတီဝင် များသည် ယနေ့နံနက် ၇ နာရီတွင် ကျောက်ကြီးမြို့နယ် မုန်းဒေသ မွေတွင်ကျေးရွာအုပ်စု ကျွန်းတောကျေးရွာ ကျွန်းတောဘုရားကြီးကျောင်း၌ ယခုလ ၁၇ ရက်တွင်ဖြစ်ပွားခဲ့သော မီးသင့်ကျောင်းအဆောက်အအုံ အပျက်အစီး များကို ဒေသခံရွာသူရွာသားများ တုံးတောလူငယ်ပရဟိတအဖွဲ့ခေါင်းဆောင် ဦးဌေးသိန်း၊ ဦးဇော်ဦးနှင့်လူငယ်များ၊ မိမိပါတီဝင်များ အင်အား ၂ဝဝ ကျော်ဖြင့် ယမန်နေ့နံနက် ၇ နာရီခွဲမှစပြီး မွန်းလွဲ ၁၂ နာရီခွဲထိ စုပေါင်း လုပ်အားဒါနပြုခဲ့သည်။ ထို့နောက် ကျွန်းတောဘုရားကြီးကျောင်း ကျောင်းထိုင်ဆရာတော်အား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှဘုန်းနှင့် မုန်းဒေသတာဝန်ခံ ဦးကျော်ထွန်း၊ နယ်မြေတာဝန်ခံ ဦးထွန်းထွန်းလင်း၊ ကျေးရွာပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းတို့က ဆရာတော်အား အလှူငွေ ကျပ်တစ်သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခိုင်ကြီး(ကျောက်ကြီး)