ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲဆုရစာပေပညာရှင်များဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲ ဆုရစာပေပညာရှင်များ ဆုချီးမြှင့်ပွဲ အခမ်းအနားကိုပြည်ခိုင်ဖြိုးပါတီ ဌာနချုပ် ၊ရန်ကုန်ရုံးခွဲ၌ယနေ့မွန်းလွဲ(၁)နာရီအချိန်တွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္က္တဌ ဦးသန်းဌေးမှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဆုရရှိခဲ့ကြသော စာပေပညာရှင်များ ဖြစ်ကြသည့်ကဗျာပေါင်းချုပ်အကောင်းဆုံး (စာအုပ်)ဆု ပတ္တမြားကဗျာများအမည်ဖြင့်ဆရာဇော်မင်းဦး အားလည်းကောင်းဝတ္တုတိုပေါင်းချုပ်အကောင်းဆုံး စာအုပ်ဆု တတိယလူနှင့်မဂ္ဂဇင်းဝတ္တုတိုများအမည်ဖြင့်ဆရာ ဟမ်းစိုင်း (ဆေး-မန်း)အားလည်းကောင်းဆောင်းပါးပေါင်းချုပ်အကောင်းဆုံး(စာပဒေသာ)(စာအုပ်)ဆုကို ဇာတိစိတ်၏ခေါ်ဆောင်ရာအမည်ဖြင့် ဆရာမောင်ချိုဝေအား လည်းကောင်း ကဗျာပေါင်းချုပ် ပထမဆု(စာမူ)ဆုကိုမုဒိတာနိဒါန်းပန်းအလင်္ကာကဗျာများ အမည်ဖြင့်မောင်လွန်းမြိုင်(ပင်လယ်ဘူး) အားလည်းကောင်း ကဗျာပေါင်းချုပ်ဒုတိယဆု(စာမူ)ဆုကို စိမ်းမြနွေဦးကဗျာစာစုများ အမည်ဖြင့် ဆရာသက်နိုင်(ကြို့ပင်ကောက်) အားလည်းကောင်းကဗျာပေါင်းချုပ်တတိယဆု(စာမူ)ဆု ကို အေးရိပ်ဝေသည့် သစ်တပင်နှင့် အခြားကဗျာများ အမည်ဖြင့် ဆရာမောင်
မောင်မိုးအောင်အားလည်းကောင်းကဗျာပေါင်းချုပ် အထူးဆု (၁)(စာမူ)ဆုကို သစ္စာလမ်းကမြစမ်းအလင်္ကာကဗျာများ အမည်ဖြင့် ဆရာချစ်စုအောင်အားလည်းကောင်းကဗျာပေါင်းချုပ်အထူးဆု (၂)(စာမူ)ဆုကို မေတ္တာ မီးအိမ်ကဗျာများအမည့်ဖြင့် ဆရာမင်းသွေးနွယ်(ဇီးကုန်း)အားလည်းကောင်းဝတ္တုတိုပေါင်းချုပ်ပေါင်းချုပ် ပထမဆု(စာမူ)ဆုကို မွေးရပ်မြေနှင့်
သုတ ရသ ၀တ္တုတိုပေါင်းချုပ် အမည်ဖြင့် ထွန်းလှိုင်(မြိုင်)အားလည်းကောင်း ၀တ္တုတိုပေါင်းချုပ် ဒုတိယဆု(စာမူ)ဆုကို ကျွန်တော့်သမီးခေါင်သူကြီးနှင့် အခြားဝတ္တု တိုများ အမည်ဖြင့် တင်လင်းဇော်အားလည်းကောင်း ၀တ္တုတိုပေါင်းချုပ် တတိယဆု(စာမူ)ဆုကို
တိမ်ညိုကြားကလမင်းမေတ္တာနှင့် အခြားဝတ္တုတိုများ အမည်ဖြင့်ဆရာသက်ဝေမောင်အား လည်းကောင်း အသီးသီး ဆုများချီးမြှင့်ခဲ့သည်။
ထို့နောက် ဆုရွေးချယ်ရေးအဖွဲ့တွင် ပါဝင်ခဲ့ကြသော စာပေပညာရှင်များ ကိုဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ စာပေပညာရှင်များကိုယ်စား ဆရာ မနုဿကျော်ဝင်းမှ လက်ခံရယူခဲ့သည်။ဆက်လက်၍ စာပေပြိုင်ပွဲ ပြုလုပ်ရခြင်းနှင့် ပါတ်သက်၍ ပါတီဗဟို
ကော်မတီဝင် စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲ ဆုရွေးချယ်ရေးကော်မတီဥက္ကဌ ဦးကျော်ညွန့် (ရင်ငြိမ်းပန်း) မှရှင်းလင်း တင်ပြခဲ့သည်။
၎င်းနောက် စာပေဆုရရှိသူများကိုယ်စား ဆရာဟမ်စိုင်း(ဆေး-မန်း)မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူး ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

ပြည်သူ့ဆက်ဆံရေး