ချန်ပီယံလိဂ်ဖလားကို အမှန်တကယ်လိုချင်ရင် ဒီထက်ပိုကောင်းရမယ်

ဘိုင်ယန်မြူးနစ်နည်းပြ ဂျပ်ဟေးနက်စ်က ဆီဗီးလားအသင်းကို ၂-၁ ဖြင့်အနိုင်ရခဲ့သော်လည်း အသင်း၏ ခြေစွမ်းအပေါ် အားမလို အားမရဖြစ်နေပြီး ချန်ပီယံလိဂ်ဖလားကို အမှတ်တကယ် လိုချင်ပါက လက်ရှိခြေစွမ်းထက် ပိုမိုကောင်းမွန်ရလိမ့်မည်ဟု အသင်းသားများအား သတိပေးသွားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းမှာ ပထမပိုင်းတွင် ဆာရာဘီယာ၏ ဦးဆောင်ဂိုးကြောင့် နောက်မှ လိုက်ကစားခဲ့ရပြီး နာဗက်စ်၏ ကိုယ့်ဂိုးကိုယ်သွင်းမှုနှင့် အယ်လ်ကန်တာရာ၏ ဂေါင်းတိုက်ဂိုးများကြောင့် အဝေးကွင်းတွင် နိုင်ပွဲရခဲ့ခြင်းဖြစ်သည်။

ဟေးနက်စ်က “ကျွန်တော်တို့ကွင်းလယ်မှာ တည်ဆောက်မှု အားနည်းခဲ့ပြီး ဘောလုံးမကြာခဏ ပျက်နေတာ တွေက ဆီဗီးလားကို အခွင့်အရေးတွေ ရသွားစေတယ်။ ဒုတိယပိုင်းမှာ ခြေစွမ်းကောင်း သွားတာကြောင့် ကျွန်တော်တို့ နိုင်ပွဲရခဲ့တာပါ။ နိုင်ပွဲနဲ့ထိုက်တန်မှုရှိပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဖလားကို အမှန်တကယ် လိုချင်တယ်ဆိုရင် ဒီထက်တိုးတက်မှုရှိဖို့တော့ လိုအပ်ပါတယ်” ဟုပြောသွားခဲ့သည်။

-Ref; Sky sports