ဆာလက်၏ သွင်းဂိုးများရပ်တန့်မသွားဖို့ ဂျာဂင်ကလော့ပ် မျှော်လင့်

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က အသင်းအတွက် 36ပွဲမှာ ဂိုး 30 သွင်းယူထားတဲ့ ဆာလက်ရဲ့ သွင်းဂိုးတွေ ရပ်တန့်မသွားဖို့မျှော်လင့်နေမိတယ်လို့ဆိုလိုက်ပါတယ်။

လီဗားပူးအသင်းဟာ ပေါ်တိုအကို အဝေးကွင်းမှာ မာနေး၊ ဆာလက်၊ ဖာမီနိုတို့၏သွင်းဂိုးများနှင့်ဂိုးပြတ်အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ရန် သေချာသွားခဲ့သည်။

အနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သည့် ဆာလက်မှာလည်း ဂျော်ဂျီအယ်လန်ပြီးနောက် အသင်းအတွက်ဂိုး ၃၀အမြန်ဆုံး သွင်းယူနိုင်သည့် ဒုတိယကစားသမားဖြစ်လာခဲ့သည်။ ထို့အတွက်ဆာလက်မှာ အသင်းခေါ်ယူမှုနှင့် ထိုက်တန်သည့် ကစားသမားဖြစ်ကြောင်း၊ ဆာလက်ကအသင်းအတွက် အလွန်အရေးပါသူဖြစ်ကြောင်းနှင့် အသင်းရဲ့ သွင်းဂိုးတိုင်းက အနိုင်ဂိုးဖြစ်ရန်လိုအပ်ကြောင်း ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့် မာနေးမှာလည်း အသင်းအတွက် ပြန်လာနိုင်ပြီဖြစ်ကြောင်းနှင့် သူ၏ သွင်းဂိုးများကို ပြန်လည်မြင်တွေ့ရခြင်းက အသင်းအတွက် သိပ်ကောင်းကြောင်း ချီးကျူးသွားခဲ့သည်။

 

-Ref; Sky sports