ဝက်လက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေး စီမံခန့်ခွဲမှုဆင့်ပွားသင်တန်းအား ယမန်နေ့နံနက် ၉ နာရီ က မြို့နယ်ပါတီပြည်ထောင်စုခန်းမတွင် ဖွင့်လှစ်ရာ တိုင်းဒေသကြီးပါတီကော်မတီဝင်ဦးသန်းဝင်းထွန်း၊ ခရိုင် ပါတီအတွင်းရေးမှူး ဦးမြတ်မျိုးညွန့်၊ ခရိုင်ကော်မတီ ဝင် ဦးနိုင်သန်းထွန်း၊ ဦးသက်အောင်ဇော်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုးခိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သင်တန်းသားသင်တန်းသူဦးရေ ၆ဝတက်ရောက်ခဲ့ ကြောင်း သိရသည်။ သင်တန်းကာလမှာ ယမန်နေ့မှ ယခုလ ၂၈ ရက်ထိဖြစ်ကြောင်း သိရသည်။

စိမ်းနိုင်(ဝက်လက်)