အောင်သူက ထိုင်းလိဂ်ရဲ့ အကောင်းဆုံး အာဆီယံသွင်းကုန်လား၊

ဇန်န၀ါရီလ(၁၅)ရက်နေ့က ယှဉ်ပြိုင် ကစားခဲ့သည့် ပုလိစ်တယ်ရိုအသင်းနှင့် ဘန်ကောက်အသင်းတို့၏ ရာသီကြိုခြေစမ်းပွဲစဉ်တွင် တိုက်စစ်မှူး အောင်သူမှာ သွင်းဂိုး(၂)ဂိုး ရယူနိုင်ခဲ့ပြီး ယင်းပွဲစဉ်အပြီးတွင် PoliceTeroအသင်း မန်နေဂျာက တိုက်စစ်မှူး အောင်သူ အား အာဆီယံအကောင်းဆုံး ကစားသမားဖြစ်လာရန် ထိုင်းလိဂ်မှ ပြုလုပ်ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ချီးကျူးပြောကြားသွားခဲ့သည်။

““အောင်သူက ကျွန်တော်တို့ မျှော်လင့်ထားတာထက် ပိုပြီးတော့ ကောင်းမွန်ပါတယ်။ အသင်းနဲ့ ပူးပေါင်းတဲ့ အချိန်က အများကြီးမရှိသေးပေမယ့် မနှစ်က အသင်းရဲ့အကောင်းဆုံး ကစားသမားဖြစ်တဲ့ ပြင်သစ်တိုက်စစ်မှူး မိုက်ကယ်အန်ဒါရီနဲ့ အကောင်းဆုံးနားလည်မှု တည်ဆောက်နိုင်ခဲ့တယ်””ဟု ဘန်ကောက် အသင်းနှင့် (၃-၃) သရေရလဒ်ပွဲအပြီးတွင် အသင်းမန်နေဂျာဖြစ်သူသန်ယ က ပြောကြားခဲ့သည်။

““အောင်သူက ကွင်းလယ်တိုက်စစ်နေရာမှာလည်း အကောင်းဆုံးကစားနိုင်တဲ့သူပါ။ ဒီနေရာမှာ အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမား ကျွန်တော်တို့ဆီမှာ ပျောက်ဆုံးနေခဲ့တာ ကြာပါပြီ။ သူ(အောင်သူ)ဟာ အာဆီယံ အကောင်းဆုံး ကစားသမားဖြစ်လာဖို့ ထိုင်းလိဂ်ကနေ လုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်””ဟု အသင်းမန်နေဂျာ ဖြစ်သူ သန်ယက ပြောကြားခဲ့သည်။

Police Teroအသင်းမန်နေဂျာဖြစ်သူ သန်ယက ထိုင်းလိဂ်ပြိုင်ပွဲမှာ အာဆီယံတွင် အကောင်းဆုံးလိဂ်ပြိုင်ပွဲ ဖြစ်သည်ဟု ယုံကြည်လျက်ရှိပြီး အောင်သူကလည်း အနာဂတ်တွင် အာဆီယံ၌ လက်ရှိထက် ပိုမိုထွန်းပေါက် လာစေရန် ထိုင်းလိဂ်မှ ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်လျက် ရှိနေသည်။

MFFG