ကမ္ဘာ့ဖလားသမိုင်းမှာ အသက်အကြီးဆုံးကစားသမားအဖြစ် အီဂျစ်ဂိုးသမား မှတ်တမ်းဝင်

အီဂျစ်ဂိုးသမား အယ်ဟာဒါရီဟာ ဆော်ဒီကို ၂-၁ နဲ့ရှုံးတဲ့ပွဲမှာ ပွဲထွက်ကစားခဲ့ပြီးနောက်ကမ္ဘာ့ဖလားသမိုင်းမှာ အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဒီပွဲကစားချိန်မှာ ဟာဒါဝီဟာ အသက် ၄၅ နှစ်နဲ့ ၁၆၁ ရက်ရှိခဲ့တာဖြစ်ပါတယ်။ အရင်ကအသက်အကြီးဆုံးဖြစ်သူက ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ကိုလံဘီယာ ဂိုးသမား မွန်ဒရာဂွန်ဖြစ်ပြီး ဂျပန်နဲ့ပွဲကစားချိန်မှာ ၄၃ နှစ်နဲ့ ၃ရက်ဖြစ်ပါတယ်။ အယ်ဟာဒါဝီဟာ ဒီပွဲမှာ ဆော်ဒီဘက်က ကန်သွင်းတဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့သေးလို့ သူ့အတွက် ထူးခြားခဲ့တယ်လို့လည်း ဆိုပါတယ်။  

90Minutes