ရီးရဲလ်နှင့် ဘာစီလိုနာကိုကျော်ဖြတ်ကာ အမှတ်တံဆိပ်တန်ဖိုးအရှိဆုံးအသင်းအဖြစ် မန်ယူရပ်တည်

Fobes မဂ္ဂဇင်းမှထုတ်ပြန်သော အားကစားလောက အမှတ်တံဆိပ်တန်ဖိုးအရှိဆုံး အသင်းစာရင်းတွင် မန်ယူအသင်းမှာ ဒဲလ်လက်စ်ကောင်းဘွိုင်၊ နယူးယော့ခ်ယန်းကီး၊ အယ်လ်အေလိတ်ကာတို့၏နောက် စတုတ္ထ နေရာတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်းသိရပါတယ်။

သို့သော်လည်း မန်ယူသည် တန်ဖိုးအရှိဆုံး ဘောလုံးအသင်းအဖြစ် ရီးရဲလ်နှင့် ဘာစီလိုနာတို့ကို ကျော်ဖြတ်ကာ ရပ်တည်နေပါတယ်။ မန်ယူသည် အမှတ်တံဆိပ်တန်ဖိုး ပေါင်(၄၂၅)သန်းဖြင့်ယခုကဲ့သို့ရပ်တည်နေခြင်းဖြစ်ကာ စပိန်ထိပ်သီးဘာစီလိုနာမှာ ပေါင်(၄၀၅)သန်းနှင့် ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်မှာ ပေါင်(၃၈၅)သန်း တန်ဖိုး ရှိပါတယ်။

အားကစားသမားများ စာရင်းတွင်မူ တင်းနစ်အကျော်အမော်ဖက်ဒဲရားက အမှတ်တံဆိပ်တန်ဖိုး ပေါင်(၂၈)သန်းဖြင့် ဦးဆောင်နေပြီး ရီးရဲလ်တိုက်စစ်မှူးရော်လ်နယ်ဒိုမှာ ပေါင်(၁၆)သန်းဖြင့်အဆင့်(၄)နေရာတွင်ရပ်တည်နေပါတယ်။

ဘောလုံးသမားများတွင်မူ ရော်လ်နယ်ဒိုသည် အမှတ်တံဆိပ်တန်ဖိုးအရှိဆုံးကစားသမားဖြစ်နေပြီး ဘာစီလိုနာ တိုက်စစ်မှူးမက်ဆီမှာ ပေါင်(၁၀)သန်းဖြင့်ဒုတိယနေရာတွင် ရှိနေသော်လည်း အားကစားသမားစာရင်းတွင်မူ အဆင့်(၉)နေရာတွင်သာရပ်တည်လျက်ရှိပါတယ်။

-Ref; Sky sports