ကင်မရာ လေးလုံးပါဝင်တဲ့ Nova 2i စမတ်ဖုန်းကို ပြည်တွင်းသို့ Huawei မိတ်ဆက်

ရှေ့ဘက်မျက်နှာပြင်နှင့် ကျောဘက်တွင် ကင်မရာနှစ်လုံးစီ တပ်ဆင်အသုံးပြုထားတဲ့ Nova 2i မော်ဒယ်သစ် စမတ်ဖုန်းကို နိုဝင်ဘာ ၁ဝ ရက်ကမိတ်ဆက်ပြသခဲ့ပြီး အဆိုပါဖုန်းကို တန်ဖိုး ၃၆၉,ဝဝဝ ကျပ်နဲ့ ပြည်တွင်း ဈေးကွက်မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ အဆိုပါစမတ်ဖုန်းကို စတင်မရောင်းချမီ Pre-order အနေနဲ့ အောက်တိုဘာ ၂၇ ရက်ကနေပြီး မြန်မာတစ်ပြည်လုံးမှာရှိတဲ့ Huawei စမတ်ဖုန်းရောင်းချတဲ့ ဆိုင်တွေမှာ နိုဝင်ဘာ ၉ ရက်အထိ ၄ဝ,ဝဝဝ ကျပ် ကြိုတင်ငွေပေးသွင်းကာ မှာယူနိုင်မယ်လို့သိရပါတယ်။ ကြိုတင်မှာ ယူသူတွေအနေနဲ့ Huawei A1 Band နဲ့ Power Bank 5000 mAh ကို ရရှိမှာဖြစ်ပြီး နိုဝင်ဘာ ၃ဝ ရက် မတိုင်မီ ထုတ်ယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Nova 2i ၀ယ်ယူသူတွေအနေနဲ့ MPT ဆင်းမ်သုံးပါက လစဉ်ဖုန်းဘေလ် ၅ဝဝဝ ကျပ် ဖြည့်သွင်းရုံဖြင့် ၆ လတိတိ အင်တာနက်ဒေတာအသုံးပြုနိုင်တဲ့ အပို ၃ဝဝဝ ကျပ်ရရှိနိုင်မှာဖြစ်ပါတယ်။ “ယနေ့သုံးစွဲသူတွေအနေနဲ့ ဘာတွေကို အမှန်တကယ် လိုအပ်နေလဲ ဆိုတာကို သိတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ ပိုမိုစွမ်းဆောင်ပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ Device အသစ်ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Huawei Nova 2i ကို ဖန်တီးရာမှာ အဆင့်အတန်းတစ်ခုကို သတ်မှတ်ထားပြီး မယုံကြည်နိုင် လောက်အောင် ကောင်းတဲ့ လုပ်ဆောင်ချက်၊ စတိုင်လ်ကျလှတဲ့ ဒီဇိုင်းနဲ့ အဆင့်မြင့် ကင်မရာလုပ်ဆောင်ချက် တို့နဲ့ ဖန်တီး ထားတဲ့အတွက် ကမ္ဘာအနှံ့မှာရှိတဲ့ လူတိုင်းနဲ့ ထိတွေ့ဆက်ဆံရာမှာ အဆင်ပြေလွယ်ကူအောင် ကူညီပေးနိုင်ဖို့ ပုံဖော်ထားပါတယ်” ဟု Huawei Technologies (ရန်ကုန်) Co., Ltd ရဲ့ CEO ဖြစ်သူ Mr.Zhang Li Man က ပြောပါတယ်။

Nova 2i ဟာ Huawei ရဲ့ ပထမဆုံး FullView Display အသုံးပြုထားတဲ့ ဖုန်းဖြစ်တဲ့အပြင် ကင်မရာလေးလုံးပါ ၀င်တဲ့ စမတ်ဖုန်းဖြစ်ပြီး GSM ကွန်ရက် 2G/3G/4G ကွန်ရက်တွေမှာ အသုံးပြုနိုင်တဲ့ Dual SIM အမျိုးအစားဖြစ်ပါတယ်။ မြင်ကွင်းအရွယ်အစား ၅.၉ လက်မရှိပြီး 8-core Kirin 659 processor, RAM 4GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုပမာဏ 64GB ROM ရှိမှာဖြစ်ပါတယ်။ ရှေ့ဘက် Selfie ကင်မရာတွေက 13 MP + 2 MP အမျိုးအစားဖြစ်တဲ့အပြင် Selfie အတွက် flash မီးပါဝင်ပြီး ကျောဘက်ကင်မရာတွေကတော့ 16 MP + 2 MP အမျိုးအစားဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ Portrait ရိုက်ကူး ခြင်းကို ရှေ့ဘက်နဲ့ ကျောဘက် ကင်မရာစနစ်နှစ်လုံးကနေ ရိုက်ကူးနိုင်မှာဖြစ်ပြီး လှုပ်ရှားမှုဓာတ်ပုံတွေကိုေ၀၀ါးခြင်းမရှိဘဲ ရိုက်ကူးနိုင်တဲ့ Motion Picture စနစ်အပြင် Manual ရိုက်ကူးမှုနည်းပညာ၊ ဓာတ်ပုံ filter စနစ်နဲ့ အခြားသောဓာတ်ပုံဆိုင်ရာ နည်းပညာတွေ ထောက်ပံ့ပါဝင်ပါတယ်။ Android OS v7.0 အခြေခံ EMUI စနစ်ကို အသုံးပြုထားပြီး ဘက်ထရီကတော့ 3340 mAh အမျိုးအစားဖြစ်ပါတယ်။ လက်ဗွေလုံခြုံရေးစနစ်၊ Huawei Histen အသံစနစ်၊ USB OTG စနစ်အပြင် ဖုန်းဘက်ထရီကနေ တစ်ခြားဖုန်းကို အားပြန်သွင်းပေး နိုင်တဲ့ recharge စနစ်နဲ့ အားသွင်းမြန်တဲ့ နည်းပညာတွေ ထောက်ပံ့ပါဝင်ပါတယ်။