အွန်လိုင်းရုပ်ရှင် ဖျော်ဖြေရေးဝန်ဆောင်မှု Iflix နှင့် Red dot ပူးပေါင်း

မြန်မာစာတန်းထိုးနိုင်ငံ တကာရုပ်ရှင်များနှင့် မြန်မာ့ရုပ် ရှင်များကို အွန်လိုင်းမှအခပေး ကြည့်ရှုနိုင်မည့် Iflix ဝက်ဘ်ဆိုက် သည် ငွေပေးချေမှုကို Red dot နှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည်။ တစ်လလျှင် ၃,၀၀၀ ကျပ် ဖြင့် အွန်လိုင်းမှ ရုပ်ရှင်များကို အကန့်အသတ်မရှိကြည့်ရှုနိုင်မည့် ဝက်ဘ်ဆိုက်ကို မလေးရှားနိုင်ငံ အခြေစိုက် Iflix ကုမ္ပဏီက မြန်မာနိုင်ငံတွင် မတ်လအတွင်းစတင် မိတ်ဆက်ခဲ့ပြီး ငွေပေးချေမှုအတွက် ဧပြီအတွင်း Red dot နှင့် ပူးပေါင်းခဲ့သည်။

Iflix  အတွက်လစဉ်ကြေး ကို Red dot အရောင်းဆိုင်၁၄,၀၀၀ နှင့်ချိတ်ဆက်၍ ငွေပေးချေနိုင်ရန် ဆောင် ရွက်ခဲ့ပြီး နှစ်စဉ်ကြေးအဖြစ် ပေးသွင်းပါက နှစ်လစာအခမဲ့ကြည့်ရှုနိုင်မည်ဟု Iflix က သတင်း ထုတ်ပြန် ထားသည်။ အခကြေးငွေဖြင့် အွန်လိုင်း ရုပ်ရှင်ကြည့်ရှုခြင်းကို Iflix က ပထမဆုံး ဝန်ဆောင်မှု ပေးအပ်ခဲ့ပြီး ငွေပေးချေမှုအတွက် အော်ပရေတာများအပါအဝင် အခြားသော ငွေပေးချေမှုနည်းစနစ်များ ချိတ်ဆက် မည်ဟု ပြောကြားခဲ့သော Iflix သည်လက်ရှိ၌ Red dot ကိုရွေးချယ်ခဲ့သည်။

iflix.com သည်နိုင်ငံတကာ ရုပ်ရှင်များနှင့် ပြည်တွင်းမြန်မာ​ ရုပ်ရှင်များကို တရားဝင်သဘော တူညီမှုနှင့် အတူ ပြန်လည်တင် ဆက်ပြီး လက်ရှိတွင် ဇာတ်လမ်းတွဲများ၊ သာမန်ဇာတ်လမ်းများနှင့် မြန်မာ့ရုပ်ရှင် ဇာတ်ကားများ ထောင်ဂဏန်းအထိ ရယူကြည့်ရှုနိုင်ကြောင်း ကြေညာထားသည်။

Iflix ကုမ္ပဏီသည်ရုပ်ရှင် စတူဒီယိုဖြန့်ချိရေး ၁၇၀နှင့်ချိတ် ဆက်ထားပြီး မြန်မာ့ရုပ်ရှင်စီးရီးများနှင့် အစီ အစဉ်များအဖြစ် ‘ဘန်ကောက်မှ မန္တလေးသို့’၊ ‘Charm’၊ ‘ရွှေမိုးငွေမိုးသွန်းဖြိုး လို့ရွာ’၊ ‘Wut Yee Food House’ အပါအဝင် ရုပ်ရှင်ဇာတ်ကား ၁၀၀ ကျော်ဖော်ပြထားသည့် ဝက်ဘ်ဆိုက်ဖြစ်သည်။

လစဉ်ကြေးပေးသွင်းထားသည့် အကောင့်များသည် iflix.com မှရုပ်ရှင်များကို Device နှစ်ခုပေါ်မှ ကြည့်ရှု ခြင်းနှင့် ဒေါင်းလုတ်ပြုလုပ်နိုင်သည်။ iflix.com သည်စတင်ထူထောင်ပြီး ၂နှစ်အတွင်းအာရှတွင် ၁၀ ခု မြောက်ဈေး ကွက်အဖြစ် မြန်မာနိုင်ငံသို့လာရောက် မိတ်ဆက်ခြင်းဖြစ်သည်။

#