ကျောက်ကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ(၁၂၉)ကြိမ် မြောက်ရှင်ဥပဂုတ္တမီးမျှော ပူဇော်ပွဲနှင့်မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲတွင် ဓမ္မစကြာရွတ်ဖတ်ပူဇော်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့မှ နှစ်စဉ်မပျက်ကျင်းပလျှက်ရှိသော (၁၂၉) ကြိမ်မြောက် ရှင်ဥပဂုတ္တမီး မျှောပူဇော်ပွဲကို ယမန်နေ့ ညနေ ၆ နာရီတွင်ကျင်းပရာ ရေလယ်စံ ကျောင်းတော်ပေါ်တွင် ပါတီအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မူမူမြင့် နှင့်ယောဂီအသင်းခေါင်းဆောင် ဒေါ်နုနုစိန်           ဦးဆောင်ပြီး ရပ်ကွက်/ ကျေးရွာများမှ ပါတီဝင်အမျိုးသမီး များဖြင့် ရှင်ဥပဂုတ္တရဟန္တာမြတ် ကြီးအား ဓမ္မစကြာတရားဒေသနာ တော်များ ရွတ်ဖတ်ပူဇော်ပြီး ယနေ့ ညနေ ၆ နာရီတွင် မီးကြာ      ခွက် ၅ဝဝဝ မီးမျှောပူဇော် သွားမည်ဖြစ် ကြောင်းသိရသည်။

ခိုင်ကြီး (ကျောက်ကြီး)