ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်(ရှမ်း/အရှေ့) နယ်မြေတာဝန်ခံ ဦးစိုးနိုင် မိုင်းဖြတ် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (ရှမ်း/ရှေ့)နယ်မြေ တာဝန်ခံ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် မိုင်းဖြတ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးကော်မတီများ၊ မြို့မိမြို့ဖများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့သည်။

မြို့နယ်ပါတီဥက္ကဌမှ မြို့မိမြို့ဖများနှင့် မိတ်ဆက် ပေးခြင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌမှ မြို့နယ်ပါတီ၏လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာတင်ပြခြင်း၊ ရှမ်းအ​​ရှေ့ပြည်​နယ်​အတွင်း​ရေးမှူး ဦးစိုင်း​ကျော်​လှနှင့်​ ခရိုင်ပါတီဥက္ကဌ ဦးစိုင်းတစ်တို့မှ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြပြီး နယ်မြေတာဝန်ခံ ဦးစိုးနိုင်မှ ပါတီ၏ရည်မှန်းချက်၊ ရည်ရွယ် ချက်နှင့် ရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်း လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအခြေ အနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်​တရလက်​​ဆောင်ပေးအပ်၍ အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည် ။

မိုင်းဖြတ်