မိုးမိတ်ခရိုင်တွင် စိုက်ပျိုးရေရရှိရေး ပြည်ခိုင်ဖြိုးပါတီညှိနှိုင်းဆောင်ရွက်ပေး

 

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးမြင့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ်ပါတီ ဥက္ကဋ္ဌဦးဇော်လွင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဦးစိုင်းမောင်မောင်ကျော် တို့သည် ယမန်နေ့နံနက် ၁ဝ နာရီက မလှိုင်ကုန်းကျေးရွာအုပ်စု မလှိုင်ကုန်းကျေးရွာသို့ရောက်ရှိပြီး တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍် လယ်ကြီးကွင်းရှိရေသောက် ဧရိယာဧက ၅၄ဝ ရေရရှိ ရေးအတွက် ရေးသွင်းမြောင်းတူးဖော်ရေးကိစ္စများကို သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မွန်းလွဲ ၁နာရီတွင် အင်လှော်ကျေးရွာသို့ ရောက် ရှိပြီး ဘုန်းတော်ကြီးကျောင်းတွင်တောင်သူများနှင့်တွေ့ဆုံကာ အင်မလယ်ချောင်းကို အခြေခံပြီး စိုက်ပျိုးရေရရှိရေးအတွက် သင့်လျော်သည့်ဆည်ရရှိရေးအတွက် သက်ဆိုင်ရာနှင့် ပေါင်းစပ် ပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်လွင်