ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ဘိုကလေးမြို့ ချမ်းမြေ့ ဓမ္မရိပ်သာရှိ အဖိုးအဖွားများအား အလှူငွေများ ပေးအပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဥာဏ်လင်း၊ ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစန်းမောင်နှင့် ခရိုင်အတွင်းရေးမှူးတို့ သည် ဇူလိုင်လ (၂၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေး မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ဘိုကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ အတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ ၊ အရန်ပါတီကော်မတီဝင်များနှင့် တွေဆုံဆွေးနွေးပြီး ဘိုကလေးမြို့ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာရှိ အဖိုး အဖွားများအား အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။