ကျောက်ဆည်ပြည်ခိုင်ဖြိုး ပါတီဝင်နှစ်စဉ်ကြေးပေးအပ်

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လပတ်ပုံမှန် အစည်းအဝေးကို ဧပြီလ (၃) ရက်နေ့ နံနက် (၉း၃၀) အချိန်တွင် မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် စည်ရုံးရေးနယ်မြေအလိုက် ကောက်ခံရှိသော ပါတီဝင် (၉၅၅) ဦးအတွက် ပါတီဝင် နှစ်စဉ်ကြေးများကို စည်ရုံးရေးမှူးများမှ ပေးအပ်ရာ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်းမှ လက်ခံရယူခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သိင်္ဂိအောင်မှ ပါတီရှေ့ လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပြီး အစည်းဝေးသို့ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာ စည်းရုံးရေးမှူးများ အင်အား (၉၇)ဦး တက် ရောက်ကြပြီး အစည်းဝေးကို ( ၁၂း၀၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးမန္တလေးတိုင်းဒေသကြီး