ကော့မှူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံး

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်းသည် ယနေ့နံနက် ၁ဝ နာရီက ရေကျော်ကျေးရွာအုပ်စု ကျုံဖာကျေးရွာ ဦးခင်တိုးနေအိမ်၌မဲဆွယ်စည်းရုံးဟောပြောခဲ့သည်။


ထိုဟောပြောပွဲတွင်ဦးအုန်းမြင့် (မွေး/ရေဝန်ကြီး ငြိမ်း) ရန်ကုန် တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဋ္ဌဦးလွင်ဦး၊ ကော့မှူး ပြည်ခိုင်ဖြိုးပါတီ နာယကဦးဝင်းထိန်၊ ဦးဝင်းထွန်းနိုင်(ခ)ဦးရွှေဘော်၊ ကော့မှူးမြို့နယ် ကော်မတီဝင်များ၊ ကျေးရွာရှိပါတီခေါင်းဆောင်နှင့် ပါတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသားများ စုစု ပေါင်းအင်အား ၇ဝ ကျော်ခန့်တက်ရောက်ပြီး မွန်းတည့် ၁၂ နာရီတွင် ပြီးဆုံးခဲ့သည်။ဆက်လက်ပြီး ရေကျော်ကျေးရွာ၊ ပျဉ်းကတိုးကျေးရွာများသို့ သွားရောက်ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)