ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မြို့မိမြို့ဖများ၊ စစ်တွေ မြောက်ဦး မောင်တော ခရိုင်အတွင်းရှိ ပါတီဝင်များ တွေ့ဆုံပွဲ အမှာစကားမှ ကောက်နုတ်ချက်များ

  • ပြည်နယ်၊ တိုင်းအလိုက် ပါတီဦးဆောင်မှုနေရာများ ပါတီ ဝင်များကို နယ်မြေခံတိုင်းရင်းသားအများစုဖြင့် ဖွဲ့စည်းထား။
  • ပြည်နယ်၏အကျိုးစီးပွားနှင့် တိုးတက်ရာတိုးတက်ကြောင်းကို ပြည်နယ်သားများက ဦးဆောင်ဖန်တီးနိုင် စေရန် ရည်ရွယ်။
  • ပါတီဌာနချုပ်အနေဖြင့် လိုအပ်ချက်ကို ပံ့ပိုးထောက်ကူပေးရန် သာဖြစ်။
  • ယင်းအချက်က ဗမာလူမျိုးကြီးပါတီမဟုတ်ကြောင်းထင်ရှား။
  • လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဆုံးဖြတ်ချက်အမှားအယွင်းကြောင့် ဖြစ်ပေါ်ခဲ့သော သမိုင်းဖြစ်ရပ်များ သည် ယနေ့ကာလ ပုဂ္ဂိုလ်များ လူမျိုးစုများနှင့် တိုက်ရိုက်ပတ်သက်ခြင်းမရှိ။
  • မျက်မှောက်ကာလ ပြည်ထောင်စုသားများ၏ စုစည်းညီညွတ်မှုဖြင့်သာ ပြည်ထောင်စု၏ တိုးတက်မှု အားကိုဖြစ်စေနိုင်။
  • ပြည်ထောင်စု၏ သွေးသားမဟုတ်သူများက ပြည်ထောင်စုသား ဖြစ်ခွင့်အတွက် အပြင်းအထန်၊ အသည်းအသန်၊ တရားသောနည်း၊ မတရားသောနည်းများဖြင့် ကြိုးပမ်းနေချိန် တွင် သွေးသား စစ်စစ်များက ပိုမိုစည်းလုံးညီညွတ်သင့်။
  • တည်ဆဲဥပဒေများအရ နိုင်ငံသားဖြစ်ခွင့်မရှိသူများကို နိုင်ငံသား ဖြစ်ခွင့်ပြုရန်ဦးတည်သည့် မည်သည့် ဆောင်ရွက်ချက်ကိုမဆို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရးပါတီက လက်သင့်ခံမည် မဟုတ်ဘဲ ဆန့်ကျင်သွားမည်ဖြစ်။