ဘုတ်ပြင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲဆောင်ရွက်

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့ နယ် ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ယမန်နေ့နံနက် ၁ဝ နာရီခွဲ က လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ယင်းသို့ ဆွေးနွေးရာတွင်ဥက္ကဋ္ဌဦးအောင်ကျော်ဦးက”ပါတီဝင်တိုင်းသည် မိမိတို့ရပ်တည်ခံယူချက်များကိုမပြောင်းလဲဘဲ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်နှင့်အထက်မှ လမ်းညွှန်မှာကြားလာသည်များ ကို လိုက်နာဆောင်ရွက်ကြရန်နှင့်မိမိတို့ပါတီမှ အောင်မင်္ဂလာ ရပ်ကွက်ရှိ ရပ်/ကျေးကော်မတီဝင် ဦးကျော်ထိုက်ဦးအား မျက်စိ ဝေဒနာကုသရန်ထောက်ပံ့ငွေကျပ်တစ်သိန်း၊ မြို့နယ်အတွင်းရှိ ရွှေဘုံသာအမကကျောင်းနှင့် ကရသူရိအမကကျောင်းများသို့ ဗလာစာအုပ်များလှူဒါန်းခြင်း၊ ဒီဇင်ဘာအားကစားလတွင် စာသင် ကျောင်းများ၌ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ အားကစားပွဲ များဆောင်ရွက်နိုင်ခဲ့သည်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။ ယင်းသို့ မြို့နယ်အတွင်းရေးမှူးဦးကျော် သူရဝင်းတင်နှင့်မြို့နယ်ကော်မတီဝင်များလည်း တက်ရောက်ခဲ့ ကြောင်း သိရသည်။

ရူပ(ကော့သောင်း)