ပြည်နယ်ပါတီအတွင်းရေးမှူး ရွှေကူမြို့တွင် ပြည်နယ် ခရိုင် မြို့နယ် ရပ်ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ရွှေကူ၊ စက်တင်ဘာ ၂၇

ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုးသိန်းသည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးပါတီကော်မတီဝင်များအား တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရွှေကူမြို့နယ် ပါတီရုံး၌ကျင်းပရာ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုးသိန်း၊ ပြည်နယ်ကော်မတီဝင် ဦးဝင်းမောင်သိန်း၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ ဘဏ္ဍာရေးမှူးဦးကျော်စွာဝင်းနှင့် ခရိုင်ကော်မတီဝင် ဦးမြဦး၊ ရွှေကူမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဇော်မင်း၊ အတွင်းရေးမှူး ဦးသန်းထိုက်၊ ဘဏ္ဍာရေးမှူး ဦးမြင့်သန်းဦးနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌနှင့် ပါတီဝင်များ စုစုပေါင်း ၁၁၅ ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရွှေကူမြို့ နယ် ပါတီဥက္ကဋ္ဌ ဦးဇော်မင်းက မြို့နယ်ပါတီ ၏စည်းရုံးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ကြ၍ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီအတွင်းရေး မှူး ဦးစိုးသိန်းက လက်ရှိဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ကော်မတီဝင် ဦးဝင်းမောင်သိန်းက တင်ပြချက်များ အပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို မွန်းလွဲ ၃ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ