ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ စွမ်းရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲကျင်းပ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ၂ နာရီက တောင်ကြီးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးဖွင့် လှစ်သည့် ပါတီကော်မတီဝင်များ စွမ်းရည်မြှင့်တင်ရေးသင်တန်း (၁/ ၂ဝ၁၇)ဆင်းပွဲအခမ်းအနားကိုကျင်းပ ရာ ရှေးဦးစွာဗဟိုအတိုင်ပင်ခံ၊ ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးနာယက၊ ရှမ်းပြည် နယ်ပါတီနာယက ဦးစဝ်အောင် မြတ်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းတာဝန်ခံ တောင်ကြီးခရိုင်ပါတီဥက္ကဋ္ဌဦးစော ထွန်းခိုင်က သင်တန်းနည်း ပြများ၊ သင်တန်းနှင့်ပတ်သက်ပြီး ကူညီ ဆောင်ရွက်ပေးကြသူများ၊ အကြံ ဥာဏ်ပေးကြသည့် အထက်ပါတီ အဆင့်ဆင့်မှတာဝန်ရှိသူများအားလုံး ကို ကျေးဇူးတင်စကားပြောကြား ပြီးနောက် တောင်ကြီးခရိုင်ပါတီ အတွင်းရေးမှူး ဦးအောင်နိုင်ထွန်း ကသင်တန်းဆင်းလက်မှတ် ကိုပေး အပ်ရာသင်တန်းသားများ၏ ကိုယ် စားသင်တန်းသားတစ်ဦးကလက်ခံ သည်။

ဆက်လက်ပြီး သင်တန်းနည်း ပြများကို ဂုဏ်ပြုအမှတ်တရလက် ဆောင်များကို ဗဟိုအတိုင်ပင်ခံ၊ ၂ဝ၁ရ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးနာယက၊ ရှမ်းပြည် နယ်ပါတီနာယကဦးစဝ်အောင်မြတ် ကပေးအပ်ရာ သင်တန်းနည်းပြ များ၏ကိုယ်စား သင်တန်းနည်းပြ ဦးကျော်ကျော်ကလက်ခံပြီးနောက် စုပေါင်းအမှတ်တရဓာတ်ပုံများအတူ ရိုက်ကြပြီး သင်တန်းဆင်းပွဲအခမ်း အနားကို မွန်းလွဲ ၃ နာရီတွင် ရုပ် သိမ်းလိုက်သည်။

အဆိုပါ အခမ်းအနားသို့ ဗဟို အတိုင်ပင်ခံ၊ ၂ဝ၁၇ကြားဖြတ်ရွေး ကောက်ပွဲအောင်နိုင်ရေးနာယက၊ ရှမ်းပြည်နယ်ပါတီနာယက ဦးစဝ် အောင်မြတ်၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးတို့ နှင့်အတူ ပြည်နယ်ပါတီကော်မတီ ဝင်များ၊ ခရိုင်ပါတီကော်မတီဝင် များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်းအင်အား၇ဝတက်ရောက် ကြကြောင်း သိရသည်။

သန်းထူး(တောင်ကြီး)