တည်ဆဲဥပဒေများနှင့်အညီဖြစ်စေရန် ကြိုးပမ်းလုပ်ဆောင်ရာတွင် လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်၍ ဘင်္ဂါလီအရေးကိစ္စများဖြစ်ပေါ်လာ

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးကိစ္စများသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီဖြစ်စေရန် ကြိုးပမ်း လုပ်ဆောင်ရာတွင် ယင်းဒေသရှိ ဘင်္ဂါလီများအနေဖြင့် ဥပဒေနှင့်အညီ လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်သည့် အတွက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော ကြားခဲ့သည်။

15369283_691858250983689_6380596143446498798_o


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ (၅) ရက် နံနက် (၉) နာရီတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ နှုတ်ဆက်ချစ်ကြည်ရေးခရီးလာရောက်သည့် မလေးရှား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato’ Sri (Dr.) Haji Zulkifeli Bin Mohd Zain အား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိနိုင်ငံ၏ လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် ဥပဒေမဲ့ လူသတ်၊ မုဒိမ်းကျင့်၊ မီးရှို့မှုစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိကြောင်းနှင့် အဖွဲ့အစည်းများနှင့်လည်း စုံစမ်းစစ်ဆေးမှုများ ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ အကယ်၍ ဥပဒေချိုးဖောက်မှုရှိပါကလည်း အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ မလေးရှားတပ်မတော် ဒုတိယထောက်လှမ်းရေးမှူးချုပ် Major General Dato’ Mohd Sobri Paridaluddin Bin Ismail၊ စစ်သံမှူးColonel Mohd Yasin Bin Usop နှင့် တာဝန် ရှိသူများတက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-မလေးရှား နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား လက်ရှိတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ ဦးဆောင်မှုဖြင့် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့သည့် အခြေ အနေများ၊ ဆက်လက်ပြီး တပ်မတော်နှစ်ရပ်ဆက်ဆံရေး တည်တံ့ခိုင်မြဲရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် နိုင်ရေးအတွက် အဆင့်အလိုက် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ စေလွှတ်တွေ့ဆုံဆွေးနွေးရေး၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ကာကွယ်ရေးဆိုင်ရာပြပွဲများသို့ အပြန်အလှန်တက်ရောက်ရေး၊ လေ့ကျင့်ရေးဆိုင်ရာ သင်တန်း များ တိုးမြှင့်စေလွှတ်ရေး၊ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် တပ်မတော်နှစ်ရပ်အကြား သတင်း ဖလှယ်မှုကိစ္စရပ်များ ဆက်လက်လုပ်ဆောင်ရေး၊ အခြားသော တတိယနိုင်ငံများအပါအဝင်ဖြင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေး၊ တပ်မတော်အားကစားအဖွဲ့၊ ဆေးဝါးကုသရေးအဖွဲ့များ ချစ်ကြည်ရေးနှင့် အတွေ့အကြုံ ဖလှယ်ရေးအတွက် အပြန်အလှန် စေလွှတ်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ဘင်္ဂါလီ အရေးကိစ္စများနှင့်ပတ်သက်၍ မိမိလုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အင်အားသုံး ဖိအားပေးတိုက်ခိုက်မှု မရှိသည့်အခြေအနေမှန်များ၊ ယင်းဒေသတွင် ပြည်တွင်းပြည်ပမီဒီယာများ လည်းရှိနေခြင်းကြောင့် မဟုတ်မမှန်ပြောဆို၍ မရနိုင်ကြောင်းတို့အား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Leave a Reply