ဇီးကုန်းပြည်ခိုင်ဖြိုး ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကို ယခုလ (၂၆) ရက် နံနက် (၁ဝ) နာရီက ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမဆောင်၌ ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ တိုင်းဒေသကြီးပါတီ ဒုဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီး ကော်မတီဝင် ဦးသန်းဇော်ထွန်း၊ ဦးမျိုးအောင်၊ ဦးတင်စိုး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဦးအောင်မိုးဦး၊ ဦးဇော်ဝေလင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထူးခိုင် (တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်) နှင့် မြို့နယ်ကော်မတီဝင် အဖွဲ့များ စုစုပေါင်း အင်အား (၅ဝ) တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား၍ ဒုတိယဥက္ကဋ္ဌက ပါတီ၏ ရှေ့လုပ်ငန်း စဉ်နှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး လုပ်ငန်းအား ဆွေးနွေးခဲ့ကြောင်းသိရသည်။

စိုးသစ္စာ၊ကြည်သိန်း(ဇီးကုန်း)


Leave a Reply