ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဌနှင့်အဖွဲ့အား တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးသည် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဌ H.E Mr Hideo Watanabe နှင့်အဖွဲ့အား နိုဝင်ဘာလ (၁၇)ရက်၊ နံနက် (၉) နာရီအချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

14195346_680988165404031_3681635548880177761_o

ထိုသို့တွေ့ဆုံရာတွင် လူငယ်ရေးရာကိစ္စများ၊ ဂျပန်-မြန်မာချစ်ကြည်ရေး တိုးမြှင့်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း နှင့် တာဝန်ရှိ သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။


Leave a Reply