ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ဟင်္သာတမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းတို့သည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးညွန့်လှိုင်၊ အလုပ်အမှုဆောင်များနှင့်အတူ ယခုလ ၁ဝ ရက် နံနက် ၉ နာရီခွဲတွင် ဟင်္သာတမြို့ လက်သမား ရပ်ကွက်အတွင်းရှိ ပတ္တမြားကျောင်း တိုက်သို့ရောက်ရှိပြီး ပဓာနနာယကဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တစရိယဝံသအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ဖူးမြော်ကြည်ညိုသည်။

u-htay-oo

ဆက်လက်၍ နံနက် ၁ဝနာရီ ၁၅မိနစ်တွင် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့် အဖွဲ့သည် ဘုရားကြီး ရပ်ကွက်ရှိ မဟာစေတျာရာမကျောင်းတိုက်သို့ရောက်ရှိပြီး ပဓာနနာယကဆရာတော် ဘဒ္ဒန္တဓမ္မသာရအား အလှူ ငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းဖူးမြော်ကြည်ညိုပြီးနောက် ကထိန်အရန်ပဒေသာပင်အတွက် ဂေါပက အဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ကထိန်အရန် ပဒေသာပင်နှင့် ဆွမ်းစားဆောင် မျက်နှာကြက် လှူဒါန်းမှုအစုစုအတွက် စာချဆရာတော် ဦးဇာနေ ယျထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ရေစက်ချတရားနာယူကြကာ မဟာစေတျာရာမဘုရားကြီး ကျောင်းတိုက် သြဝါဒါစရိယ ဗုဒ္ဓမဏ္ဍိုင် အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိဌာန အာဒိကမ္မိက နဝဓူတင်္ဂါစာရ မထေရ်အား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ဖူးမြော်ကြည်ညိုသည်။

ထို့နောက် မဟာစေတျာရာမ ဘုရားကြီးကျောင်းတိုက် ဆွမ်းစားဆောင်တွင် မိသားစုမှ လှူဒါန်းထားသည့် မျက်နှာကြက် ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုအားပေးသည်။

၎င်းနောက် ဆက်လက်၍ ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်အဖွဲ့သည် မွန်းလွဲ ၁ နာရီမိနစ် ၄ဝ တွင် မိုးကောင်း ပရိယတ္တိစာသင်တိုက်သို့ရောက်ရှိ ပြီး ပဓာနနာယကဆရာတော် အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ နိကာပဏ္ဏဝပါရဂူ ပိဋ ကတ္တယပါရဂူ ဝိနယပါဠိပါရဂူ ဒဿနိကပါရဂူ ဘဒ္ဒန္တသုဓမ္မာ စာရာဘိဝံသအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။


Leave a Reply