ပြည်တွင်းပြည်ပ တေးဂီတဇယားများတွင် တေးအယ်လ်ဘမ်သစ်နဲ့ ထိပ်ဆုံးမှ ရပ်တည်နေတဲ့ BTS အဖွဲ့

ယခုသီတင်းပတ်က ဒုတိယမြောက် တေးအယ်လ်ဘမ် “Wings” နှင့်အတူ တေးဂီတလောကသို့ ပြန်လာခဲ့သော တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTS သည် “Wings” တေးအယ်လ်ဘမ်ဖြင့် ပြည်တွင်းပြည်ပ တေးဂီတ ဇယားများတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။

kpop-bts

အောက်တိုဘာ ၁၀ ရက် နံနက်က ထွက်ရှိခဲ့သော  သီချင်းပုဒ်ရေ ၁၅ပုဒ်ပါဝင်သော “Wings” တေးအယ်လ်ဘမ် သည်  ပြည်တွင်း၏ အဓိက တေးဂီတ ဇယားရှစ်ခုတွင် ကြီးစိုးထားကြောင်း  BTSအဖွဲ့၏   အေဂျင်စီ  Big  Hit  အင်တာတိန်းမန့်က အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

“Wings”  တေးအယ်လ်ဘမ်သည် နိုင်ငံတကာ ပရိတ်သတ်များ၏ အားပေးမှုကို ရရှိထားပြီး အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ကနေဒါ ၊ ဘရာဇီးလ် ၊ နယူးဇီးလန် ၊ စင်္ကာပူ နှင့် နော်ဝေး နိုင်ငံ အပါအ၀င်  နိုင်ငံပေါင်း ၂၃ နိုင်ငံ၏ iTunes တေးဂီတ ဇယားများတွင် နံပါတ်တစ်နေရာမှ ရပ်တည်နေသည်။

တေးအယ်လ်ဘမ်၏ ခေါင်းစီတေးသီချင်း “Blood Sweat & Tears” တေးသီချင်းသည် တရုတ်နိုင်ငံ၏ အကြီးဆုံး တေးဂီတ ကြည့်ရှုနားဆင်သည့် ၀က်ဆိုဒ်ဘ် QQ Music တွင် ထိပ်ဆုံးနေရာမှ ရပ်တည်နေသည်။ အဆိုပါ တေးဂီတဗီဒီယိုသည် ဖြန့်ချိပြီး ၁၂ နာရီမပြည့်ခင် ကြည့်ရှုသူဦးရေ သုံးသန်း စံချိန်တင်ခဲ့သည်ဟု သိရသည်။

# Mizzima


Leave a Reply